Thursday, January 29, 2015

့((ခင်မောင်ရင် ရဲ့......မယ် တက္ကသိုလ်သူ))177

့((ခင်မောင်ရင် ရဲ့......မယ် တက္ကသိုလ်သူ))
ပိုးဖဲဇာ အဖိုးမနည်းပါလည်း
အရိုးစွဲအောင်
ကြိုက်တဲ့.....ခင်
ဘီအေ ဆံတုံး
ထမီမှာ အထက်ဆင်ဆင့်ဖုန်းလို့
သိမ်းကျုံးအောင်
အလှရယ်.....ဆင်
်ဟန်ပန်ရယ် အလွန်မက်သမို့
သဇင်ခက်ရယ်တဲ့
ခေါင်းမှာ..တင်
စစ်ကြိုခေတ် ပျိုမဒီရယ်
ခင်မောင်ရင် ကျိတ်ပုန်းစိုက်အောင်
ပုသိမ်ထီးက
လက်ဝယ်....ယဉ်
မယ်မြန်မာတက္ကသိုလ် ကျောင်းသူတသိုက်
ဟန်မကိုဋ်က ကတော်ထိုက်တယ်ကွယ့်.....လေးး။
ရွှေပန်းချီ
ရွှေဒီပုံလေးကို မြန်မာ့စစ်ကြိုခေတ် ဓာတ်ပုံများထဲမှ ကြိုက်နှစ်သက်၍ ယူထားခြင်းဖြစ်ပါတယ်။
မြန်မာ မိန်းကလေးတွေ ခေတ်နဲ့အညီ ဝတ်စားခဲကြတာ ဟိုတုန်းကထဲကပေမယ့် မြန်မာ့ဟန်တော့ မပျောက်ခဲ့ပါဘူး နော်။
— with ချစ် စမ်းမောင် and 74 others.
L

No comments:

Post a Comment