Thursday, January 29, 2015

ကဗျာပိုင်စိုးမှုဧကရီ... (181)

ကဗျာပိုင်စိုးမှုဧကရီ...
နားကြားတော်မူပါသခင်
အို....ဧကရီသခင်
အရှင်မရေ.....
ခြေတော်ရင်းမှာ ဦးချဆံကိုခင်း
ဝပ်ဆင်းညွတ်တွားလျှောက်ထားပါရစေ...်

အရှင်မရေ....
သခင့်ပိုင်နက်အတွင်း ချင်းနင်းခစား
မော်ဖူးထားဖို့ အလွန်ခက်ခဲလှပါတယ်
ရင်တွင်းထိရောက် အမိန့်တော်ရောက်
တော်ကောက်ဖို့လဲ အမတန်တန်ဖိုးကြီးလှပါတယ်
ပြန်လည် ခံစား ထုဆစ်တင်သွင်း အလျဉ်း ရ ရန်လည်း သိမ်မွေ့နက်နဲလှပါပေတယ်....သခင်
အို....ဧကရီထိပ်တင်
အရှင်မရေ....
အမိရဲ့သားသမီးကျေးကျွန်တွေက
လူဆိုး သူခိုး ကြမ်းပိုးရုပ်နဲ့ နေချင်ကလည်းနေပါလိမ့်မယ်
လူကုံထံ ပညာတတ် လူချမ်းသာရုပ်နဲ့ နေချင်ကလည်းနေပါလိမ့်မယ်
ဒါပေမည့်လည်း.... ကဗျာရွတ်ကြတဲ့အသံ
ဘဝဂ်ညံ တစ်တောလုံးချိန်း တစ်တောင်လုံးပြို မီးလျှံသိမ်း ငြိမ်းချမ်းပန်းတွေ အသောင်းသောင်းပွင့် ကြမ်းတမ်းတဲ့နှလုံးသားတွေလွင့် အောင် စွမ်းဆောင်နိုင်ပါရဲ့...လေ
ကဗျာဧကရီလှထိပ်တင်
အို.....အရှင်မရယ်
ဒီတခါံတော့ ကဗျာကိုရင်း မာယာတသင်းနဲ့ ရင်တွင်းညှိးပုတ် နှလုံးသားအတုလုပ်ပြီး တကိုယ်စာကောင်းဖို့ အမည်သညာခိုးစား သူဖုန်းစားလို သားသမီးမမည် အမြှောင်ကပ်ပါး လူဝင်စားများ အရှင်မခြေရင်း ဝပ်ဆင်းခြင်းကြောင့်
မျက်နှာတော်ညှိး စိတ်တော်ဆိုးရင်
ရာဇသံပြင်း အမိန့် တစင်းနဲ့
ပစ်ခွင်းနှိမ်သတ်
ကဗျာနန်းရပ်မှ အပြီးတိုင် နုတ်ရှင်း
နှလုံးသား လောင်တိုက်သွင်းလို့ ဖယ်ရှားပေးတော်မူပါစေကြောင်း
လျှောက်ထား တောင်းဆိုအပ်ပါသည်
ကဗျာပိုင်စိုးမှုဧကရီ
အို....အရှင်မ...သခင်
ရွှေပန်းချီ
ရွှေရဲ့ခံစားမှုသက်သက်ကို ရေးတင်ခြင်းဖြစ်ပါတယ် ရှင်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်ပေးပါရှင့် ။ံ
— with Thurainnaymin Kyauktaga and 86 others.

No comments:

Post a Comment