Saturday, January 10, 2015

((ရင်နင့်မိုးရေစိုသည်....ပန်းနှင်းဆီ)


((ရင်နင့်မိုးရေစိုသည်....ပန်းနှင်းဆီ)))

ဖြေပေးလှဲ့ပါ.......ပန်းနှင်းဆီ

့်မိုးရေတွေစိုစွတ်နေတဲ့ ပန်းနှင်းဆီ
အဆင်းကလဲကြွယ် အနံ့ကလည်း ထယ်လို့မို့
မြင်မြင်သူတွေ လိုချင်မက်မောရလေသလားနော်

ပန်းနှင်းဆီလှတာ အပြစ်လို့မဆိုရက်ပါဘူးလေ
ပျားလေးတွေသောက်သုံးဖို့ ဝတ်ဆံဝတ်ရည်လဲ ကြည်ဖြူစွာပေးတတ်ပါရဲ့
ပတ်ဝန်းကျင် လှအောင်လဲ ကြိုးစားပွင့်ရှာသနဲ့
သူ့ကြောင့်လဲ အများအလယ် ဂုဏ်လဲထည်ခဲ့ပါတယ်

ဒါပေမယ့် ......
ပန်းနှင်းဆီ သခင်ရယ်
အပင်ဖျက်ပိုး က ကိုက်
တစိမ်းလက်တွေက ချိုး
မလိုမုန်းတဲ့ အက်စစ်မိုးကြောင့်
မျက်ရည်ကျလောက်အောင် ငိုနေရတာကို ကြည့်မြင်နေတာ ရင်မှာမချိလို့
မလှပါနဲ့တော့လို့ ပြောရမလား....????

လှနေတဲ့ပန်းနှင်းဆီကို ဆက်လက်
လှနေအောင် မစွမ်းဆောင်နိုင်တဲ့ ကျနော်တို့လက်တွေပဲ အပြစ်ဖို့ရမလား...????

ဖြေပါ.......
ဖြေပေးပါ.......ပန်းနှင်းဆီ

အော်
အမိမြေနဲ့တူသော ပန်းနှင်းဆီရယ်
ရင်နင့်မိုးရေစိုနေရှာတဲ့ ပန်းနှင်းဆီရယ်.....ကွယ်
ရွှေပန်းချီ

No comments:

Post a Comment