Thursday, June 23, 2016
သိက္ခာကိုမျှားတဲ့ အချစ်မိုး 2016 မိုးကဗျာ ၈
**မိုးရာသီ 2016 အမှတ်စဉ် ၈
သိက္ခာမျှားတဲ့.. . . အချစ်မိုး
တကယ့်ကို အမှတ်တရလေးပါ. .ကို
နှလုံးသားက တန်ဖိုးထာ့း ရိုးသားမြတ်နိုးစွာ ဖွဲ့နွဲ့ခဲ့တဲ့
ကဗျာသယ်လေး ကျမ
ချစ်သူထံ ဦးညွှတ်ကြည်နှုးမိခိုက်
ဟိုးးး မာနတိမ်တိုက်နောက်က
ပျော်ရွှင်ခြင်း ကြယ်ပွင့်ကလေးဟာ မျှော်လင့်ခြင်းအလင်းတွေ မှုန်ဝါး
စိမ်းကားတဲ့ အတ္တအပြည့် ပါးလျနေတဲ့နားလည်မှု နဲ့
ပိုင်ဆိုင်ခဲ့တဲ့ အချစ်ဆိုတာ ကဗျာတပုဒ်သာ ဖြစ်ခဲ့လေရဲ့. . .
ချစ်ဆုံးပါတဲ့ "အခါလွန်မိုး" စကား
မုန်သုန်ရာသီမှာ ရင်ခုန်သံတွေ တိမ်ထုဖြစ်ပေမယ့် ရွာမချဖြစ်ခဲ့ဘူး
စကားပွင့်တစ်ပွင့်တစ်လေတောင်နော်. . . .
ရာသီဥတုဖမ်းစားမှုအောက်
ငုတ်တုတ်ပျောက်ခဲ့တဲ့
ကျမ ရဲ့စွန်ငယ်လေးကိုတော့ အလွမ်းရစ်ဘီးမှာ ပြန်လည်ရစ်ပတ်လို့
ညပေါင်းများစွာတေးသီခဲ့တဲ့ အချစ် မာနနဲ့ ဂုဏ်သိက္ခာအတွက်
ကြေကွဲစကားတွေနဲ့ လဲခဲ့ရတယ်
မျက်ဝန်းတွေမှုန်မှိုင်းတဲ့အလွမ်းဘူတာအမှတ် ၁၅၀၀ အလွန်မှာ ရာသီတွေ ရပ်ဆိုင်းပစ်ခဲ့တယ်. . . .
ပေးဆပ်ခဲ့တဲ့အချစ်ကို ပြန်တွေးတိုင်း ခရေပွင့်တွေ ဝင်ပုန်းတဲ့မိုးရင်ခွင်နဲ့အတူ ကျမရဲ့ ချစ်ခြင်းကို တိတ်တဆိတ်မြှပ်နှံလိုက်ပါပြီ. .
ချစ်သူပြုံးရင် ပန်းအားလုံးပွင့်ပါစေ နော်
ရွှေပန်းချီMdy
်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment