Tuesday, June 14, 2016

If I put on my glasses

 If I put on my glasses

ဒုက္ခကို
အနီးကြည့်မျက်မှန် တပ်ကြည့်
သုခကို
အဝေးကြည့်မျက်မှန်တပ်ကြည့်
ညီမျှခြင်းတခုကို
မင်းတွေ့ရလိမ့်မယ်

သူ. ,ဆိုတာ
မျက်မှန်တပ်ကြည့်
ငါ . ဆိုတာ
မျက်မှန်ချွတ်ကြည့်
ငါတို့နှစ်ယောက်
အတူတူဖြစ်နေလိမ့်မယ်

မင်းပြုခဲ့ကောင်းမှု၊ မကောင်းမှု
ငါပြုခဲ့တဲ့ မကောင်းမှု ၊ ကောင်းမှု
တူညီတာတခု ရှိခဲ့လို့သာ
ဒီဘဝသံသရာ အတူဆုံကြတာပါပဲ

မင်း. . လာတဲ့ခရီး ကနေ အဆုံးခရီး
ငါ. . လာတဲ့ ခရီး စ/ဆုံး
အနီးကြည့် အဝေးကြည့်မျက်မှန်မလိုဘူး
အတူတူပဲ ဆိုတာ သိလိမ့်မယ်

ဤဘဝခရီး လာ/ပြန် အထွက်မှာ
လက်ဗလာတွေပဲ ငါမြင်နေလို့
(အင်း)မင်းအမြင်မှာ ပိုနေလို့လား မာန်မာနတွေများနေတာ

ဒီတော့ သူငယ်ချင်းရေ
ငါ့မျက်မှန် ပဲပါဝါညှိ့ဖို့ လိုနေပြီလား
မင်းမျက်မှန်ပဲ ပါဝါညှိဖို့ လိုနေသလား

တကယ်တော့ စိတ်အမြင်ကြည်လင်ဖို့ အဓိကပါသူငယ်ချင်း. . .
                           ရွှေပန်းချီ(Mdy)

ရွှေဒီကဗျာလေးကိုမနေ့ကဥပုသ်ကျောင်းမှာမျက်မှန်လေးကျကွဲသွားလို့ မှုန်ဝါးနေတုန်းသူငယ်ချင်းတယောက်လာရန်တွေ့ခံရတယ် ငါကလှမ်းပြုံးပြနေတာ ဘာမာနကြီးနေသလဲ တဲ့ :) :)
ရွှေက ပါဝါ အနီး ၃၀၀ တပ်ရပါတယ်
ဆက်တွေးမိတဲ့ အတွေးတခုပါနော့်

No comments:

Post a Comment