လူကလေးရဲ့
စိတ် ဂုဏ်ရှိန်
များလူသူ သာမန်သိက...
ဖိနပ်များ နေရာမှန်
လူ့အောက်နိမ့်ပြန်
မသတီစရာတွေး
ထင်ရက်ကြသေး။
လူသားငယ် အမှုမထားရွယ်
စိတ်ဖြူစင်သမို့
နေရာညီ ထွေစီသပ်ရပ်အောင်
ကျင့်ဆောင်ပုံ တမူထူးပါပ
လူသူမင်းကို ဂုဏ်ပြိုင်တယ်
နိုင်ပါစေ့လေး။
(အင်္လကာ)
----------------
တွေးမယ်ကွဲ့ တွေးမယ်
(ကလေး)ငယ် စိတ်တွေး။
ဘာသာအသိ ရင်မှာညှိတယ်
ကြည့် ကြကွဲ့လေး။
(ဒွေးချိုး)
----------------
လူလေးငယ်
ကြွယ်တဲ့သိ
ရှိသည့်ဥာဏ်
မှန်စွာသုံး
ဆုံးမခံ
စံယူထိုက်
လိုက်နာကျင့်
ဆင့်ပွားစိတ်
ဖိတ်ဝေဖြူ
ဇမ္မူမှာရှား
ထားစိတ်အား
တရားအသိကြွယ် လူလေးငယ်။
(ဝဲရိုက်ဝဲသွင်း)
ရွှေပန်းချီ(Mdy)
မူရင်းဓာတ်ပုံရှင်အား ကျေးဇူးတင်ပါသည်။ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းမှ ကလေးငယ်လေးတစ်ဦး သင်တန်းသားများ၏ ဖိနပ်လေးများစနစ်တကျ စီပေးနေပုံလေးကို ဂုဏ်ပြုလျက် ကဗျာ ပုံစံ ၃ မျိုးဖြင့် ရေးဖွဲ့ပါသည်
No comments:
Post a Comment