Wednesday, September 12, 2018
တ..သသ
#တ သသ
ရှင်​...မသိနိုင်​ပါဘူး.....
....သိလာမှာလဲ မဟုတ်​ပါဘူး..​မောင်
"ဘယ်​​တော့မှ မပတ်​သက်​ကြ​ကြေး".....လို့
နှုတ်​ထွက်​စကား..ကြားလိုက်​ရကထဲက
ကျွန်​မ ထာဝရ ​ကျောခိုင်းထားပြီးသားပါ​လေ....
ဒါ​ပေမယ့်​....
တစ်​ခါတရံ မှာ....
တီးသူမရှိတဲ့..​တေးတပုဒ်
မေးသူမရှိတဲ့..စကားတခွန်းက
နှလုံးသားကို တွန်းလာရင်​......
ယွန်းသွားတဲ့​နေမင်း​နောက်​ စိမ်းကားသူကြီးရဲ့
ခြေရာ​ကောက်​ဖို့ ထည့်​​ပေးချင်​ပါရဲ့​လေ...
မောင်​.....
ရှင်​​ ရွေးချယ်​လိုက်​တဲ့ ဘဝတခုမှာ ​နေ​ပျော်​ပါရဲ့လား..​နော်​။
ရွှေပန်းချီmdy
Ps..ပုံ​လေး​တွေ့လို့ လက်​ငှင်းခံစား​ရေးခြင်း​နော်​..😁😁
စောင်​ပါလှဲ့...နတ်​မိမယ်
#​စောင့်​ပါလှဲ့..နတ်​မိမယ်​ ရယ်
ပန်းဧကရီ၊ ကခုန်​သီသို့
မြရည်​စိုစို၊ စိမ်းညိုညွှန့်​ခက်
ရွက်​လက်​​ဝေ​ဝေ၊ ညှာခိုင်​​ခြေလည်း
လေ​ပြေ​သွေးရာ ယိမ်းနွဲ့ သာတည့်​။
ရှုချင့်​စဖွယ်​၊ ကိုယ်​ဟန်​သွယ်​လျ
နတ်​မယ်​အလှ၊ သဘာဝလျှင်
လောကတစ်​လုံး၊ နု​ဆေးမှုန်း၍
အပြုံးကမ္ဘာ၊ ​ဆောက်​တည်​ရှာ​သော်​....
သည်​မှာ...​မေတ္တာ
သည်​သို့ ...ဂရုဏာ
သည်​ဆီ... မုဒိ၊ စိတ်​ထားညှိ
"ပွားဗြဟ္မစိုရ်​၊ တရားခို" ဖို့
ပွင့်​စက်​ကျ​ရေ၊​ သောက်​ထား​စေချင်
မွှေးရနံ့ ကြွယ်​၊ မိုးသို့ရွယ်
(အဘယ်​)..အရုဏ်​မှာ ပွင့်​မည်​တည်း..။
ရွှေပန်းချီmdy
သဘာဝတရား ဆိုတဲ့ နတ်​မိမယ်​​လေးက လူသားကမ္ဘာကို အပြုံး​တွေ​ဝေဆာ​အောင်​​ ဆောက်​တည်​ချင်​လို့ လူသား​တွေရဲ့​မေတ္တာ၊ဂရုဏာ၊မုဒိတာ ဆိုတဲ့ပန်းပွင့်​ကျ​ရေ​လေး​တွေ ​သောက်​သုံးဖို့ လိုအပ်​​နေလို့​တောင်းခံခြင်းပါ​နော်​။ ဤကမ္ဘာ​မြေ ​အေးချမ်းပါ​စေ ရှင့်​။
နှလုံးသာ..စိမ့်​​ရေ
#နှလုံးသားရဲ့ စိမ့်​​ရေ
အိမ်​မက်​​တွေဖန်​ဆင်းတဲ့
ကျွန်း​လေးတကျွန်းမှာ.....
ရှင်​သန်​ခွင့်​နဲ့ ရင်​ခုန်​ပွင့်​​တွေကို
မျက်​ရည်​နဲ့သက်​​သေပြုပြီး.....
အလွမ်းပင်​လယ်​ထဲ ပစ်​ချလိုက်​တယ်​....
ဒါ​ပေမယ့်​..ပဉ္စလက်​ရယ်​သံလှိုင်းနဲ့အတူ
ငါ့ရဲ့ စိတ်​တစ်​မျက်​နှာကို တိတ်​တခိုး​လေး
လာ..လာ နိုး​နေတုန်းပါပဲ..ချစ်​ခဲ့သူ​ရေ...။
ရွှေပန်းချီmdy
မန်းမြို့​တော်​တခို..အ​ပြောရယ်​ဆို
#​မန်း​ရွှေမြို့​တော်​တခို..
.........အ​ပြောရယ်​ဆိုစမ်းပါ့​လေး
ရွှေတို့မြို့​တော်​...​ရွှေ့မြို​တော်​​ရေ
ရွှေတို့မြို့ပင်​၊ မထင်​အလျင်း
မချစ်​ကင်းသူ၊ဤ​မြေလူလို့
အဘယ်​မှာ ရှိအံ့​ပေမည်​နည်း...ရှင့်​။
အရပ်​တပါး၊ ​ရောက်​ကာသွားလည်း
မ​မေ့ထားဘူး၊ရင်​တွင်းစူးကာ
မန်းသူမန်းသား၊ အသံကြားရင်
ဆွေသား ​မွေး​မေ တူသို့သာတည်း..။
အခု​တော့​လေ..
ရွှေတို့မြို့​တော်​...​ရွှေမြို့​တော်​​လေ
မည်​ရင်းဂုဏ်​​နေ၊ ဘွဲ့ကြီး​ပေ၍
ရွှေ​ငွေ​ပေါလတ်​၊ ​ပြောမတတ်​လည်း
အတ္တ အတိ၊ လူ့ဒုက္ခိမှာ
စာရိတ္တ မာန်​တိုင်​၊ အ​ခြေယိုင်​ခဲ့
လုံခြုံမဲ့ကင်း၊ အဖြစ်​ခင်းမှာ
နေပါ​သော်​ငြား၊ ​ဖြေမ​ပြေသား..ရှင့်
ဂုဏ်​စ​ပွေရှာ၊ ကဗျာမဖွဲ့
စာမချဲ့ဘဲ၊ နှစ်​လုံးသားထဲမှာ
စူးနစ်​နာကျင်​၊ဖြစ်​ရအင်​သည်
မရွှင်​ ​ရွှေတို့မြို့အ​ကြောင်းတည်း...။
ရွှေပန်းချီ (mdy)
ရွှေမြတ်​နိုး​သောချစ်​ရပါ​သော မန်း​မြေတခွင်​ သာယာ​အေးချမ်း​စေဖို့ ဆု​တောင်း​ပေးကြပါအုန်းရှင်​။
Fb ​ရောက်​ခြင်းပဲ စိတ်​မ​ကောင်းသတင်းနဲ့ ကဗျာဖွဲ့ရတာ ခွင့်​ပြုပါ​နော်​။
မနက်​ဖြန်​ကို..ကြိုလိုက်​ပါ
#မနက်​ဖြန်​ကို...ကြို​လိုက်​ပါ
ဒီမှာ..​ကောင်​​မလေး
သူများဘဝ​တွေကို ဝထ္တုလာမ​ရေးနဲ့...
မင်း​နေထိုင်​မှုဇတ်​လမ်း တခန်းမရပ်​​အောင်​ကြိုးစား..
ရိုးသားမှုတိုင်း ဖြူစင်​တာမဟုတ်​ဘူး...
တစ်​​နေ့တာမှာ..
ယ​နေ့အမှား ဘယ်​နှစ်​ခု
ယ​နေ့အမှန်​ ဘယ်​နှစ်​ခု
ဂရို့ချိုးသလို ​ရေတွက်​..
တစ်​​နေ့ထက်​တစ်​နေ့ အမှားမထပ်​​စေနဲ့​ပေါ့
လူ​တွေ​ပြောသလို..
ကိုယ့်​သမိုင်းကိုယ်​​ရေးတယ်​ ဆို​ပေမယ့်
နှေးချင်​​နှေးပြီး မြန်​ချင်​လဲမြန်​တတ်​တယ်​..
ဆပ်​ပြာပူ​ဘောင်း​လေးအထက်​တာ လိုပဲ..
တစ်​ခဏနဲ့လဲ ​ကြေကွဲ​ပျောက်​တတ်​တယ်​..
တကယ်​​တော့...ဘဝဇတ်​ခုံမှာ
ကိုယ်​ကသာ သရုပ်​​ဆောင်​ဖြစ်​ပြီး
ကံတရားက ဇတ်​ဆရာမို့..
ကိုယ်​ကသာ ​ပြောစရာရှိပြီး...
သူက​တော့ ​ပြောစရာမရှိ​တော့​သော ယတိပြတ်​မှုကို အဆုံးသတ်​ထားသူပါပဲ...
ဒါ​ကြောင့်​...
နေ့ရက်​တိုင်းမှာ မင်း ဘာလုပ်​သလဲတွေးပါ..
သူများဘာလုပ်​​နေသလဲ..မင်းမ​တွေးပါနဲ့
(မင်းရဲ့...မနက်​ဖြန်​ကိုပဲ ကြိုလိုက်​ပါ)
ကောင်​​မလေး...
ရွှေပန်းချီ
Mdy
နှလုံးသာအလှ...ဆရာမ
#နှလုံးသားအလှကို..​ရေမစိုဘူးဆရာမ
ပုံမြင်​သခိုက်
မင်းရယ်​လိုက်​ဖို့ မလုပ်​​လေနဲ့...သူငယ်​ချင်း..
မိန်းမအာဇာနည်
စိတ်​ထားတည်
ဖွေစီသနား
အားအင်​ထားလို့မြတိနိုးပါ၏။
သူ့အ​တွေးရယ်​က
လူသူ ခ​လေး..
ရေ​ဘေးရယ်​နဲ့ သဘာဝအန္တာရယ်
ကင်းပါ​စေဖို့..အဓိကမို့
သင့်​တင့်​အမြင်​..ဂရုမထင်​ဘူး
အလှနှလုံးသားလုံ..
မေတ္တာရှင်​..နိုက်​တင်​​ဂေး ပုံ၏..သို့....။
ရွှေပန်းချီmdy
ဒုက္ခသည်​စခန်းမှ နှလုံးသားလှ​သော ဆရာမကြီးအား ​လေးစားဂုဏ်​ပြုပါသည်​။ သတင်းဖတ်​ရင်း
ပုံ​လေး​တွေ့လို ​ရေးသားခြင်းပါ..ပိုင်​ရှင်​မှ ခွင့်​ပြုပါရှင်
နေဉ္စရာ​ချောင်းတဖက်​မှာ
#​နေဉ္စရာ​ချောင်းတဖက်​မှာ....
အမှန်​တရား သစ္စာစကားမို့..
နှလုံးသားနဲ့ နာကြားလိုက်​ပါ..ချစ်​တဲ့သူ
ကျမ...ရင်​ဝှက်​ပန်းဖူး
ချစ်​သူ..ခူး​လေမှ
ပွင့်​ဖတ်​ဝတ်​ဆံ ထုံသင်းလျှံ....
ဧကန်​ပြီးပြည့်​စုံပါ​စေ...
ကျမ..ရင်​ဖြစ်​ကဗျာ​တေးတပုဒ်
ချစ်​သူနှုတ်​က ဖွဖွညင်​ကာ သံသာရွတ်​မှ...
ကောင်းခြင်းဧကန်​ နားဝင်​ပီယံ ညီသံညွှတ်​နူး
ဘဝင်​ထူးပါ​စေ...
ကျမ..အနာဂတ်​လမ်း
ချစ်​သူ...လက်​ကမ်းမှ
ဘဝလမ်းကြမ်းခရီး မငြီးမငြူ 
ဖေးကူ​အတူ လျှောက်​ပါ​ရစေ...
မှန်​​သောသစ္စာ မျှားပမှာသို့
ချစ်​သူရင်​ခွင်း သက်​ဆင်းခဲ့ရင်​..
ဟို​..တောင်​​တောတန်း..
မိုးညိုမသန်းခင်​.....
အ​ရောက်​လှမ်းခဲ့ပါ....
နေဉ္စရာ​ချောင်းတဖက်​...
ကျမ ရပ်​​စောင့်​​နေလျက်​ပါ......ချစ်​တဲ့သူ။
ရွှေပန်းချီmdy
မမုန်းခဲ့ပါ..ပန်းသခင်
#မမုန်းခဲ့ပါ....ပန်းသခင်
ရင်​ခုန်​သံ တပတ်​နွမ်းက...
အလွမ်းခန်းသတင်းစကားတစ်​ချို့.....
ပို့လိုက်​တယ်​....​မောင်
#........
.......
.......
......
..#
ကျမ ရူးခဲ့တာပါ​လေ...
ဆူးနဲ့မာယာ အထပ်​ထပ်​ကြားမှာ
နှလုံးသားအတုကို ခုံမင်​ဖူး....
ပုံပြင်​တစ်​ပုဒ်​မှာ ရစ်​မူးသလို​ပေါ့....
မောင်​က​တော့...သိမယ်​​တောင်​ မထင်​ပါဘူး
နှင်းဆီပင်​ ပျိုးမိပြီဆိုကထဲက
တချိန်​မှာ ဒီဆူး ဆူးမယ်​မှန်းသိခဲ့တာ...
ဘယ်​သူ့ပ​ယောဂမှ မပါ ပါဘူး..
(အင်း​ပေါ့​လေ).....
အရာရာအားလုံး..
အမုန်းမဖက်​ခဲ့ပါဘူး......
ကျမ ပြုဖူးခဲ့တဲ့...
အ​ကြောင်းတရားရဲ့အကျိုးဆက်​များ..​ပေါ့...​မောင်​။
ရွှေပန်းချီmdy
မန်းမြို့ဆိုတာကွယ်​...
#မန်းမြို့ဆိုတာရယ်​....
(ဆရာတင်​..နန်း​ရှေ့က.. ဆိုခဲ့တယ်
ရနိကုန်​ဆိုတာကွယ်​..မပြတ်​​နေချင်​ပါတယ်​..နတ်​ပြည်​ကြီးလို ဆိုကြပါစို့..သို့​ပေမယ့်​ ကိုယ်​မြို့ကိုယိ​တော့ လွမ်း​သေးတယ်​..လွမ်း​သေးတာ်​ဗျို....)တဲ့
မန်းတ​ခေါ် အလွန်​​ပျော်
တော်​ရာ​တော်​​ကြောင်း
ပြောစရာ​ကောင်း...ရှင့်
ယဉ်​​ကျေးအ​နေ
ထိုင်​ခုံ​တွေက
မြင်​ရာမြင်​​ကြောင်း
ထပ်​ကာ​ညောင်း..ရှင့်
မန်းသရုပ်
အထူးနှုတ်
လုပ်​ရပ်​က​လေး
ပြင်​​ပေး​စေချင်
စေတနာရှင်​...ရှင့်​။
ရ္မေပန်းချီmdy
အကိုတ​ယောက်​ရဲ့ ပုံ​လေး​တွေ့လို့ လက်​တမ်း​လေးပါရှင်​။မန်းသူတ​ယောက်​မို့ တာဝန်​ရှိတယ်​ထင်​လို့ပါ။
ဥ​ပေက္ခာ အရိပ်​​အောက်​က ပန်း
#ဥ​ပေက္ခာအရိပ်​​အောက်​က..ပန်း
တကယ်​ဆို..
ရိုးသားမှုမှာ အနာတရတစ်​ခု
စူးနစ်​ကြွင်းကျန်​ဖို့ နာကျင်​တဲ့ အဆုံးသတ်​မျိုးနဲ့
ကျွန်​မ ရာဇဝင်​ကို ​ပြောင်းမပစ်​ချင်​ဘူး...
နုညံ့တဲ့ ကဗျာနှလုံးသားနံရံရဲ့ တစ်​ဖက်​မှာရှိ​နေတဲ့
ပန်းရနံနဲ့ ချစ်​ခြင်းဖွဲ့စာ​တွေစီဖို့ အိမ်​မက်​ကိုအလွမ်းနဲ့
စား​ခြေ​မြှောက်​တာ​တောင်
ငြိမ်းချမ်​ခြင်းပန်းက အလင်းမရခဲ့ဘူး...
ထားလိုက်​ပါ​လေ..
နှလုံးသားနဲ့ ရင်းပြီး ဦး​နှောက်​လယ်​ကသင်းက
ပြည့်​လျှံလာတဲ့ သံစဉ်​မွန်
ရေတံခွန်​လို စီးဆင်းချင်​ စီးပါ​စေ​တော့..
ကြယ်​​တွေ​တောင်​ လမ်း​ပျောက်​​နေတဲ့
မဟူရာည​ကောင်းကင်​အလယ်​မှာ
ကျွန်​မရဲ့ ညကို စာလုံး​ပေါင်းမှန်​ဖို့
ဥ​ပေက္ခာ အရိပ်​​အောက်​မှာကြိုးစားရင်း..
ရင်​ဘတ်​ထဲမှာ​တော့..
တအုပ်​တမကြီးအလွမ်း​တွေ ဖူး​ဝေ​နေဆဲပါ......
ကျေးဇူး ပြုပြီး...
မျက်​လုံးစိမ်း​တွေနဲ့​တော့ လာမကြည့်​ကြပါနဲ့....
ကျေးဇူးပြုပြီး...
တေ့​တေ့က​လေး​စေ့ထားတဲ့
တံခါးတစ်​ချပ်​ကိုလည်း..တွန်းဖွင့်​လို့ မဝင်​ခဲ့ကြပါနဲ့..
ပျော်​ရာအရပ်​မှာ..​နေနိုင်​ပါတယ်​ ​လေ။
ရွှေပန်းချီmdy
Wednesday, July 11, 2018
ငဲ့လို့ပြုံးပါ...မြသက်​လျာ
#ငဲ့လို့ပြုံးပါ..မြသက်​လျာ
(မျက်​​ဖြေအင်္လကာ)
ကဗျာဖွဲ့နည်း...လွန်းနှစ်​ပြန်​-ယက္ကန်းကြိုး
ချစ်​မှုသဘင်
ရာဟုက ​လေဆင်​ မျက်​မာန်​တွေစူး။
ဆင်​​လေ​မောင်​ ကဆုန်​စိုင်းလျှင်
လှိုင်းဆင့်​ဆင့်​လူး။
လှိုင်းဆင့်​တဲ့ ချစ်​​လှေငယ်​ရှင်
ရေပြင်​မှာ ​ပွေအင်​​နှောက်​တယ်
ချာ​ရောက်​လို့ ဝိုင်း။
ချာချာလည်​ ​လှေငယ်​​လေးမှာ
လေယှဉ်​ကာ ​သွေစင်​​မှောက်​ပြန်​​တော့
ကမ်းမ​ရောက်​ခင်​ ဝဲဂယက်​ကူးရတယ်
လူးဆင့်​ဆင့်​လှိုင်း။
ရွှေပန်းချီmdy
လေ့လာကြိုးစား ​ရေးထားခြင်းဖြစ်​ပါတယ်​။
လိုအပ်​မှုရှိ​သေးရင်​ ကဗျာဆရာ ဆရာမများကခွင့်​ပြု​ပေးပါရှင်
မ​ခေါ်ပါ...မ​ပြောပါ...နှုတ်​ဆက်​ပါ
"မ​ခေါ်ပါ..မ​ပြောပါ (သို့​ပေမယ့်​)
နှုတ်​ဆက်​သွားပါ"
#ရွက်​ညိုညို.....အေးရိပ်​သာ
မှေးမှိတ်​ပါ မာယာတသွဲ့
ညာခလှဲ့လို့လည်း..
ခေါင်းငဲ့ကာ မ​ခေါ်ခဲ့ပါဘူး..​.....မောင်
#ခက်​ညိုညို...​ထွေးသိပ်​မှာ
ယိမ်းဖိတ်​ကာ လိုက်​ပါ​မျော
ခဏတာသ​ဘောနဲ့ ခိုဝင်
ညိုငြင်​လာ​တော့...ပျံသန်းထွက်
နှုတ်​ဆက်​ခွင့်​​တောင်​ ​ပေးမသွားတတ်​ပါဘူး..
#မက်​ညိုညို....ကိုယ်​, စိတ်​ခွာ
တိုးတိတ်​စွာ ​မေ့ထားပါလည်း
ပြုစားညှိ့တတ်​ပညာ တည့်​မတ်​ကာရင်​ကိုခွင်း..
ဒဏ်​ရာက ပြင်းလွန်းပါရဲ့.....
(အင်း​ပေါ့​လေ)...
မင်းက...ပညာတတ်​သူတစ်​​ယောက်​ပါပဲ...​မောင်​။
ရွှေပန်းချီmdy
Pls. ကဗျာပုံစံတစ်​မျိုး​လေး ဆန်းသစ်​​ရေးကြည့်​ခြင်း ပါ​နော်​..
ကဗျာဆရာ ဆရာမ များရှင်
အ​ရေးအသား အ​တွေးမှားပါက ​ရွှေ​လေ့လာမှု နဲပါးခြင်းသာဖြစ်​ပါတယ်​ရှင်​..
သို့....
#သို့...
လာလမ်းကို​မျှော်
လက်​ကမ်းသ​နော်
ချစ်​​ဆွေ​ဖော်​တို့​ရေ......
ဒီတစ်​ဝါ သာသနာရယ်​ပြု
အထုထွဋ်​တင်​ သဒ္ဒါလွှမ်းဆင်​တဲ့
ဒါနခဏ်းကုသိုလ်​​တွေ...
စုခဲ့ပါသ​လေ...ရှင့်
ပီတိ​တွေဖြာဖြာ​ဝေလို့..
သဟာ​ဆွေ မိတ်​အ​ပေါင်းတို့ကို
ရပါ​စေ..ယူ​စေ​ကြောင်းရယ်​နဲ့..
ထပ်​​လောင်းကာ ပို့​စေပါ​ကြောင်း..
အေး​စေမှု အ​ပေါင်း...။
ရွှေပန်းချီmdy
လနတ်​သမီး
မိုး​ကောင်းကင်​ကြီးရဲ့..လနတ်​သမီး
#​လမင်းကို..ချစ်​တယ်​..
လ​ရောင်​ဟာ အဓိပ္ပာယ်​ ​တွေ
တစ်​ခုခြင်း ဖွင့်​ဟ​နေသလို
တစ်​ခုခြင်း ကိုလည်း သိမ်းဆည်း​နေတယ်​..
#လမင်းကို..ချစ်​တယ်​..
အေးမြတဲ့အလင်းကို ဖန်​တီးဖို့..
အပူဒဏ်​ကို ရင်​ထိုးခံခဲ့နိုင်​တယ်​...
#လမင်းကို..ချစ်​တယ်​..
မျက်​နှာဖက်​ အလင်း​ကြောင့်​ သူ့ရင်​ခွင်​တခြမ်း အမြဲ​မှောင်​​နေတာလဲ သူပြုံးတယ်​..
# လမင်းကို..ချစ်​တယ်​..
တသသနဲ့ ချစ်​ကြ လွမ်းကြသူ​တွေအတွက်
အိပ်​စက်​ခြင်းမဲ့စွာနဲ့ အဖြူ​ရောင်​နှလုံးသားကို
ဟင်​လင်းဖွင့်​တယ်​...
# လမင်းကို..ချစ်​တယ်​..
အတ္တပါးပါးနဲ့ ပြဒါးထည့်​မှန်​တချပ်​လို
ကဗျာ​တွေ...နဲ့ ယစ်​မူး​စေ
ဘဝ​တွေ...နဲ့ သစ်​ဖူး​ဝေ
ဆန္ဒ​တွေ...နဲ့ ကြည်​နူး​နေ
တောင့်​တမှု​တွေ နဲ့ ရည်​စူး​လေ လို့
ဆု​တောင်းလဲ ​ပေးတတ်​သူ​ပေါ့.....
#လမင်းကို... ချစ်​လို့​လေ
"လမင်းသာ​သော ညများ အမြဲရှိပါ​စေ"..လို့။
ရွှေပန်းချီmdy
2:15am
မိုးသား​တွေမှောင်​​ပြီး သဲသဲမဲမဲရွာနေတဲ့ညမှာ မီးမလာ​တော့ ​ကောင်းကင်​ကြီးက ငိုပြီးလာ​ပြောလို့ ည၁၂းဝဝနာရီ အချိန်​မှာ ​ရေး​ပေးလိုက်​ရတဲ့...
ကောင်းကင်​ရဲ့ လက်​တို့ကဗျာ ​လေးပါ။
ရွှေရင်​စို​အောင်​ ရွာတဲ့မိုး
#​ရွှေရင်​စို​အောင်​..ရွာတဲ့မိုး
ပြောစမ်းပါ့ကွယ်​....
မရပ်​နားပြန်​ တန်​တန်​​မေး​သော်​လဲ
ချစ်​ဦးပျို နှုတ်​လုံ​သေးရယ်​​ကြောင့်
ဘယ်​ပုံ​တွေး ​​ဆွေး, ဆွေးခက်​ဖွယ်​။
ခင်​ရယ်​..
သ​ဘောတူ ကြည်​ဖြူစစ်​ရင်​ဖြင့်
မယ်​ လှစ်​ကာ ​နေနိုင်​အား​ပေမယ့်
မျက်​ထား​တော်​ အစဉ်​ပြုံးတာမို့
ချစ်​ မုန်း ​​တွေး, တွေးခက်​ရယ်​။
ပြောလိုက်​ပါ့ကွယ်​....
ဘဝင်​တခို ​ရွှေရင်​စိုရွာတဲ့မိုးလိုပ
သည်းထန်​လှိုင်​ ယိုင်​​ခွေလဲရချည့်
အသဲဆိုင်​ အုံ့ပုန်းသယ်
ခက်​ဖွယ်​ ကိုယ့်​မ​နော။
သို့ကလိုရယ်​...
မယ်​ခင်​နွယ်​ ယဉ်​ယဉ်​ပြုံးရယ်​က
"ချစ်​ဆုံး​ရေ..ဟုတ်​​ပေရဲ့'' လို့
မူနွဲ့ကာ ဆိုပါခဲ့ရင်
အသည်းပလ္လင်​ ထက်​တင်​လို့ထားမှာ​ပေါ့
ရှက်​သည်းကာ ယဉ်​ရုံပြုံးပါနဲ့
အဆုံးတိုင်​ နှုတ်​​ရွှေဖူးကို
ကျူးရင့်​ ပါ​လော။
ရွှေပန်းချီmdy
မိုးကဗျာ(3)2018
မိုးခ​ရေ..လမ်းခွဲ
#မိုးခ​ရေ...လမ်းခွဲ
မိုးည​နေကောင်းကင်​ထဲတိမ်​​တွေ ငိုတဲ့​နေ့ က​,ပေါ့......
သံသယကြိုး​တွေနဲ့ ချည်​​နှောင်​မိကြတဲ့အခါ
အချစ်​အင်​ပါယာဟာ ​နေဝင်​​တော့မှာပါလား ဆိုတဲ့အသိနဲ့..
ကိုယ့်​သိက္ခာ ကိုယ်​မျှားကြရင်း
မာနပန်းခင်းမှာ ​လေ​ပြေညှင်း​တွေ​ဝေးခဲ့ကြတယ်​...
မျိုသိပ်​ခြင်း ပြတင်းတံခါး​တွေနဲ့
ခမ်းနားလှတဲ့ အိမ်​မက်​​တွေ အို​ဟောင်း သွားသည်​ထိ ငါတို့နှလုံးသားက ရဲရဲဝံ့ဝံ့ လက်​မခံကြ​တော့ဘူးဆို​တော့...
ဘာ​ပြော​မလဲ ချစ်​သူရယ်​...
ကိုယ့်​ရာဇဝင်​ ​ကျောက်​လွင်​ပြင်​ကို​ချေမွ
ခ​ရေခတဲ့ မိုး​ရေလမ်းမှာ မျက်​ရည်​​တော့မကျပါနဲ့
ဆက်​​လျှောက်​လိုက်​ပါ..
နောက်​လှည့်​မကြည့်​​ကြေး​ပေါ့...
တိုက်​ဆိုင်​မှုရှိလာတဲ့ မိုးည​နေခင်း များဆိုရင်​....
သိပ်​​တော့မခက်​ပါဘူး ချစ်​သူရယ်
သတိရတိုင်း မျက်​ရည်​ဝိုင်းကြရုံ​ပေါ့....​နော်​။
ရွှေပန်းချီmdy
မိုးကဗျာ (2)2018
ပန်းသက်​တံဆီ အပြန်​လမ်း
#ပန်းသက်​တံဆီ....အပြန်​လမ်း
"အလွမ်းတဆစ် နဲ့မို့
ပန်းအဖြစ်လည်း မွှေး​စေချင်​"..။
"​အေးချမ်းတဖြစ်​နဲ့မို့
စမ်းအသစ်​လည်း စီး​စေချင်​"..။
"ရသစုံ အချစ်​နဲ့မို့
သက်​တံပုံ ​ရောင်​လှ​စေချင်​"..။
သို့​ပေမယ့်​လည်း....
လွှမ်းရစ်လို့ ပစ်ပယ်ချင်
မုန်းမိုးခင် အခုများ။
သက်​တံ​လေ​ပြေ
ပန်းခြောက်တေလေ
နွမ်းလောက်အခြေ  အသွင်မတင့် တာမို့
(မိုးရေ~)
မျက်သင့်တာလား။ ။
ရွှေပန်းချီmdy
မိုးကဗျာ.(1..2018)
Tag ​ပေးပြီး နှုတ်​ဆက်​တာပါ​နော်​။
အဆင်​မ​ပြေရင်​ ဖျက်​နိုင်​ပါတယ်​ fri တို့​ရေ
ဥ​ပေက္ခာ မျက်​ရဘ်​​အေး
#ဥပ​က္ခောမျက်​ရည်​​အေး..
သား​တော်​ရဟန်းရယ်​...
မယ်​ဘုရားစကား နား​တော်​ပန်​ကြား​လျှောက်​တင်​ချင်​ပါရဲ့​လေ..
ရှေးဦးမဆွ မယ့်​ဝမ်းတွင်းသ​န္ဓေခ,မခ
မသိခင်​ကတည်းက
ရှင်​ဘုရား သာသနာ လွန်​ရာကြည်​ညိုတာမို့..
ခင်​ပွန်းသည်​ထံ ခွင့်​ခံလို့​တောင်း
ဘဝ​ဟောင်းကိုပယ်​ သာသနယ်​သို့ဝင်​ခဲ့ပါရဲ့...
အတိတ်​ကံမဖယ်​သာ ကြုံလာဝဋ်​​ကြွေး​ကြောင့်
သ​န္ဓေငယ်​ ကိုယ်​တွင်​တွယ်​လို့ အားတင်းကာ​မွေးခဲ့ရ
ဘုရှင်​မင်းက ​ခေါ်​တော်​မူ လဆယ်​ဆူပြည့်​သာသာမို့
မျက်​ရည်​နဲ့​ပေးလိုက်​ရတယ်​..
အ​ဝေးကလွမ်း မျက်​ရည်​စမ်းလို
တရားအလုပ်​ ဘာဝနာကြိုးကုတ်​လဲ
တစ်​ဝဲဝဲရယ်​မှ တလည်​လည်
သံ​ယောဇဉ်​နယ်​ပယ်​ ထွက်​မရခဲ့
အနှစ်​ နှစ်​ဆယ်​​ကျော်​ရယ်​မို့
မယ်​မယ့်​ ဖြစ်​အင်​ သားအရှင်​မြင်​ပါရဲ့လား​လေ...
သားရှင်​ရဟန်းတက်​ သံသရာထွက်​​အောင်
ကမ္မဌာန်းနည်းကိုသင်​ ​တောမြိုင်​ကိုဝင်ချည်း
တစ်​​ယောက်​ထည်းမို့ မှက်​,ခြင်​များသန်း
အဘယ်​သူက ရမ်း​ပေးပါ့လိမ့်​..
မျက်​ရည်​ကြိတ်​ကျရပြန်​တာ​လေ..
ရဟန်းကိစ္စပြီး၊ ဓမ္မကထိကကြီးလို့
နာမည်​တစ်​လုံး ​ကျော်​​မော်​ဘုန်းသမို့
မယ်​မယ်​ပြုံးလို့​ပျော်​ခဲ့တယ်​...
အခု​တော့ကွယ်​..ကြည့်​စမ်းပ
မြို့တွင်းရယ်​ ဆွမ်းခံကြုံ..
သားရှင်​ရယ်​ ရပ်​ပါအုန်း..
မျက်​နှာ​တော်​လှ ဖူးချင်​သပလို့ လိုက်​လံကာဆွဲ..
နေရာမှာ​ချော်​ကာလဲလို့ မယ့်​သပိတ်​ကွဲနဲ့ ရင်​ကအပူ ​ဒေါသ​တွေဆူပါလို့..
"မယ်​မယ့်​ မျက်​ရည်​ဥ​ပေက္ခာပြု​သော သား
နေပါ​စေ မတွယ်​ကမ်း​တော့ပါဘု..
ငါ့တရားသာ ငါ့အားထားရာ
 မှတ်​ထင်​ကာ လွန်​ကြိုးကုတ်​ အားထုပ်​​တော့မဟဲ့..
သား​တော်​အရှင်​..စိမ်း​တော်​မူပါဘုရား..''
ရွှေပန်းချီ(mdy)
အထက်​ပါ စာပန်းချီ​လေးက ကုမာရကဿပ ရဟန္တာမြတ်​နှင့်​ မယ်​​တော်​​ထေရီတို့ ရဲ့ အဖြစ်​အပျက်​​လေးတကွက်​စာ ကိုချယ်​မှုန်းကြည့်​ခြင်းဖြစ်​ပါတယ်​။
လွမ်း​တော်​မူလို့..စာစီမယ်
#လွမ်း​တော်​မူလို့..စာစီမယ်
တောင်​ရိပ်​မှာ သူအိပ်​လို့
ဧရာဆိပ်​​ဘေး သူ​ပျော်
မော်​နိုင်​တဲ့​လေး။
(အခု​တော့)
ပြအိုး နန်းဟန်​နဲ့
ဗွေလယ်​ပြန်​ ကျုံး​ဘောင်​ထက်​မှာ
မှောင်​လှတယ်​လေး။
ရွှေပန်းချီ(Mdy)
မန်​တ​လေးချစ်​သူများကို tag ပါရ​စေ😁
ကြင်​သက်​ကြင်​​ငွေ့..မကျန်​၍သာ
#ကြင်​သက်​ ကြင်​​ငွေ့...မကျန်​၍သာ
မြတ်​နိုးခြင်းတစ်​ခုအတွက်
ရင်​ဘတ်​ထဲကို ခပ်​နက်​နက်​တူး
သစ္စာ​ဖူးတွေ အခါခါစိုက်​လဲ
ပိုးကိုက်​ခံရသူက...ကျွန်​မပါ...မောင်
ဆံနွယ်​တစ်​မျှင်​လွင့်​ ပက်​သက်​ခွင့်​ကို
ရနံ့​တွေမှာ မြူတစ်​စက်​မတင်
စိမ်းရိပ်​ဆင်​ပြီး ပြင်းထန်​စွာ ငြင်းဆိုလဲ
စိတ်​ တင်းခံနိုင်​ခဲ့ပါတယ်​......
ဘဝဒဏ်​ ​နေ,မိုး အပူ​လောင်​မှာစိုးလို့
အရိပ်​မိုး​ပေးကာ ​ဖေးမနှစ်​သိမ့်​ခြင်းကို
လောင်းရိပ်​လို့ သတ်​မှတ်
မင်းမို့ ​တွေးထင်​တတ်​​လေတယ်​..​နော်
အခု​တော့​လေ..
ချန်​ခဲ့တာလား..ကျန်​ခဲ့တာလား
ပြောင်းသွားတာလား...​ဟောင်းသွားတာလား
နှောင်းသွားတာလား...​စောင်းသွားတာလား
မ​ရေမရာ​ဝေဝါးခြင်းနဲ့
အချစ်​ဒဏ်​ရာမှတ်​တိုင်​မှာ....
ကျွန်​မ ဆင်း​နေခဲ့ရတယ်​......​မောင်​။
ရွှေပန်းချီmdy
Pls.ကဗျာ​ခေါင်းစဉ်​​လေးက ဆရာကြီးမင်းသုဝဏ်​(1934 သြဂုတ်​လ)​ရေးဖွဲ့ခဲ့​သော တွယ်​ရာမဲ့ ကဗျာမှဖြစ်​ပါတယ်​။ဆရာကြီး ကဗျာကို​လေ့လာမှတ်​သားရင်း ​ခေတ်​အ​တွေးနဲ့ ပြန်​လည်​​ရေးသားကြည့်​ခြင်းဖြစ်​ပါတယ်​​နော်​။
ဆရာကြီး ကဗျာ​လေးက အရမ်းလှတယိ..
#တွယ်​ရာမဲ့
..မထန်​သာသည်
သူ့မှာ ကျွန့်​တွက်​ ဆံတရွက်​မျှ
ချစ်​သက်​ချစိ​ငွေ့ မကျန်​၍..
..မပန်​သာသည်
သူ့မှာ ကျွန့်​တွက်​၊ မြူတစ်​စက်​မျှ
ကြင်​သက်​ ကြင်​​ငွေ့ မကျန်​၍..
..မြကန်​သာစည်​)
ဒုမ္မာကြာ​တော၊ ပွင့်​မှ​လျှောသည်
ဟို​မျှောသည်​တင်​ ၊ကြာချပ်​သွင်​သို့
ရှစ်​ခွင်​ရှစ်​ဖက်​ ၊ ခရီးထွက်​သည်
တွယ်​သက်​တွယ်​​ငွေ့ မကျန်​၍။
(ဆရာကြီး မင်းသုဝဏ်​.. သြဂုတ်​ ၁၉၃၄)
Tuesday, May 22, 2018
ဘဝတန်​ဆာ...စာအလင်္ကာ
#ဘဝ တန်​ဆာ..စာ​အလင်္ကာ
စာအုပ်​စာ​ပေထဲရှိ ဗဟု သုတ များကို
တကယ်​လက်​​တွေ့ လူ​လောကတွင်
အသုံးချတတ်​မှသာလျှင်
တကယ့်​ပညာ ဖြစ်​တယ်​။
(ဗိုလ်​ချုပ်​​အောင်​ဆန်း)
===============
စာကိုဖတ်​မှ
ဖတ်​သူရင်​ထက်​၊လျှပ်​စုံပြက်
လက်​တိုင်းမဲသစ်​ မြင့်​​ပေလိမ့်​။
စာကိုဖတ်​မှ
ဖတ်​သူရင်​ထက်​၊သက်​တံဆက်
လက်​တိုင်း​တွေးသစ်​ ဆင့်​​ပေချိမ့်​။
(ဆရာ ဗန်း​မော်​ညိုနွဲ့)
====+=======
ထိ​တွေ့​စေရာ...အလင်္ကာ
လက်​ဖျားနှိုက်​ပင်​၊ နုသည့်​သွင်​တည့်
မြင်​ရခိုက်​ခါ၊မျက်​လွှာသည်​လည်း
မှုန်​ဝါမထင်​၊ဖြူသန့်​စင်​သည်
ကြာနွယ်​ကြာပန်း၊ အသွင်​တင့်​ဆန်း
ပွင့်​လန်း​မွှေးမြသာ​လေသတည်း။
လေ့လာစရာ..စာ​ပေသာ
တုပွားလိုက်​နာ၊ မှတ်​သညာ
ရှေ့သွားကြီးသူ၊ ​တွေ့ကြုံယူ
ဆင်​ခြင်​ဥာဏ်​သတ်​၊ ထပ်​ဆင့်​ခတ်
မငိုက်​မတိမ်း၊ဘယ်​မယိမ်းဘဲ
ထိမ်းသိမ်းလှပ မည်​သာတည်း။
ဝိဇ္ဇာသိပ္ပံ၊ တန်​ခိုးစံနှင့်
အလျှံကြီးထ၊ လူ့​လောကမူ
မုဒိတာလွှဲ၊ ငါသာစွဲပြီး
တက်​​ခေတ်​ကျမ်း၊ စက်​အသစ်​စမ်း​တော့
ကိုင်​ကြွထိုး​ဖောက်​၊​လောဘ​ဆောက်​လို့
တစ်​​ယောက်​တက်​၊တစ်​​ယောက်​ဖျက်
လေးနက်​ဆင်​ခြင်​၊မာန်​​စုံဝင်​​တော့
အာရုံ​မမွှေးမြနိုင်​​လေသတည်း။
ရွှေပန်းချီmdy
စာ​ပေ ကဗျာ အလင်္ကာ အနုပညာသုခုမက ဘဝရဲ့​ဖျော်​​ဖြေ​ရေးအတွက်​သာမဟုတ်​ပါဘူးဆိုတာ ​ရွှေအမျိုး​တွေ နဲ့ ​မောင်​ငယ်​ညီမငယိတို​တ​တွေ အသိဝင်​ဖို့ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ မှတ်​တမ်းအတို​လေးနဲ့ ဆရာကြီးဗန်း​မော်​ညိုနွဲ့ရဲ့ စာဖတ်​ပါ ကဗျာအပိုင်းအစ​လေးကို ထည့်​သွင်း​ဖော်​ပြလိုက်​ပါတယ်​ရှင်​။
နှင်းဆီ စပါယ်​ ခံပွင့်​...
#​ခေတ်​သစ်​ ပန်းချစ်​သူ
#ဖြူ နှင်းဆီ
သီ​ပေးမယ်​ လည်​တွင်​ဆွဲ
သည်းမွှာ အကြိုက်​ရယ်​မို့
ဆူး နွှင်​လို့​ပေး............၊
စိတ်​ အ​တွေးမယ်
လက်​ ​သွေးရယ်​ခ,​ပေ့​စေ
နေ​လေ​တော့ ချစ်​သူနှမ
လှ ပိုလို့ကဲ................ ၊
ကိုယ့်​ လက်​​ဆောင်
ဆင်​ ​အောင်​ပ ​ရွှေလက်​ကမ်း
လှမ်းမယူ မူမကျ
စံပယ်​ ​ခွေရစ်​..ဆံ​ကေသစ်​ ဝင့်​ကာနွဲ့
ရိုင်း တယ်​ တဲ့ ​လေး....... ။
ချောချစ်​​ထွေး
#ခံ ပွင့်​ ငယ်
ဆင်​သင့်​ရွယ်​ ​ပေမယ့်
ခြေနဲ့သူ ​ဆွေညီမ
အလှရယ်​က မငုံမငိုက်​ စိုးရွံ့​နေခိုက်​....
အချိန်​ခါရ စံပယ်​အလှ​ငွေ
မဝင့်​​ထည်​သေးခင်
စိတ်​​ဖြေထင်
သူဝင်​အစားပါ့
ဆင်​ယင်​​နေဆဲ.....။
မိုးနံ့စွဲ ​လေသင်းပြန်​တော့
စံပယ်​တခင်း
စုံညီလင်းပါ​ပေါ့
ခံပွင့်​ငယ်​ တစ်​နယ်​တိမ်း​စေ​တော့လို့
စီမ်းမျက်​နှာလွဲ..။
ရွှေပန်းချီ mdy
ရွှေပါရမီလမ်း
#​ရွှေပါရမီ..လမ်း
တရားသံ​ဝေ နယ်​သို့
တစ်​ပါး ဆံ​ကေပယ်​လို့
သံသရာရယ်​ တဖက်​ကမ်းကို
လှမ်းချင်​လှတယ်​။
သဒ္ဒါရယ်​ကြိုင်​၊လှိုင်​လှိုင်​ပ လွန်​​မွှေး။
အာရုံ​ထွေ မခင်​လို့
တစ်​ကိုယ်​ထည်းသူ အစဉ်​က
ထေရ်​ရှင်​ရယ်​ ​တောင်​ယံ​ဆီမှာ
ဇမ္ဗူနဒီထက်​ ​အေး။
ရွှေပန်းချီmdy
ဇမ္ဗူနဒီ...ဖွင့်​ဆိုချက်
ဟိမဝန္တာ​တောင်​နှင့်​နီးကပ်​​သော​ဒေသမှာ မိုးကြီးမပြတ်​ရွာသွန်း​သော​ကြောင့်​ မဟာ ဇမ္ဗုသ​ပြေပင်​၏ခက်​မ ငါးဖြာတစ်​ခုဆီအရှည်​ ယူဇနာ ၅၀မှမိုး​ရေတို့သည်​ မြစ်​အဖြစ်​ကျဆင်း​လေ၏ ဇမ္ဗုသ​ပြေ သီးမှည့်​တို့သည်​လည်း ​ကြွေရာအရပ်​၌ ​ရွှေညွှန့်​အတိ​ပေါက်​ကုန်​၏။ ထို​ရွှေညွှန့်​တို့ကိုမြစ်​​ရေဖြင့်​ ​ဆောင်​၍ အစဉ်​သဖြင့်​ စီးဆင်း​လေ၏ ​ရွှေများ​မျောပါလာ​သော မြစ်​တို့သည်​ ဇမ္ဗုသ​ပြေပင်​မှ ဖြစ်​တည်​လာ​သော​ကြောင့်​( ဇမ္ဗူနဒီမြစ်​ )ဟု​ခေါ်ပြီး ​ရွှေများကို​တော့ ​ရွှေအမျိုး​ပေါင်း(၁၀)ထဲက
တစ်​မျိုးအပါအဝင်​..( ဇ​မ္ဗောနဒ​ရွှေ) အဖြစ်​​ခေါ်​ဝေါ်သတ်​မှတ်​ပါ၏
ဗဟုသုတ အဖြစ်​ ​ရွှေကအတိုချုပ်​​ရေးပြခြင်းဖြစ်​ပါတယ်​။အကျယ်​ဖတ်​ချင်​ရငိ​တော့ မဃ​ဒေဝလက်​သစ်​(မြ​စေတီဆရာ​တော်​ ခက်​ဆစ်​အ​ဖြေ.. စာအုပ်​ရဲ့စာမျက်​နှာ၁၅) မှာ
ရေးသားထားပါတယ်​ရှင်​။
နွေဦးယဉ်​စွန်းတန်းအချိန်
#​နွေဦးယဉ်​စွန်းတန်းအချိန်
ရင်​ဘတ်​ထဲ ထုဆစ်​ထားတဲ့
ပုံ​ဆောင်​ခဲတစ်​ခုက
အသက်​သွင်း မင်းဖြစ်​​နေခဲ့တယ်​...​မောင်
တွေ့ခဲ့ကြတာ ခဏ​လေး​ပေမယ့်
 ကမ္ဘာမှာ လ' နှစ်​စင်းထွက်​​တောင်
ကျမရဲ့ချစ်​ခြင်းက အံသြပြမှာ မဟုတ်​ဘူး..
ပြန်​ဆုံခဲ့ရင်​​ပေါ့​လေ...
နွေဦးယဉ်​စွန်းတန်းအချိန်​လို
ကျမရဲ့ အချစ်​နဲ့အလွမ်း တူညီစွာဖြတ်​သန်း တမ်းတမှုတစ်​ခုနဲ့ သက်​​သေ​ပေါ့ကွယ်​..
အခု​တော့​လေ...
မာနကို အ​ရောင်​ညီ
ရာသီဆန်​စွာ​ပေါက်​ကွဲအား​ကောင်းတဲ့
တမ်းချင်းအသစ်​များနဲ့....
ကျမ နှလုံးသားကို ဟန်​​ဆောင်​နှစ်​သိမ့်​ လိုက်​အုန်းမယ်​...​မောင်​။
ရွှေပန်းချီ(mdy)
Ps/ ​နွေဦးယဉ်​စွန်းတန်းအချိန်​ ဆိုသည်​မှာ
နေ့တာနဲ့ ညတာတို့တူညီ​နေသည့်​အချိန်​ကို​ခေါ်ပါတယ်
Tuesday, March 27, 2018
ညှာလည်​တံ မြရည်​လိမ်းလို့ရယ်​ (2018)​နွေ6
..
"​ညှာလည်​တံ..မြရည်​လိမ်းလို့ရယ်​....
 ......စိမ်းတာတဲ့လား''
#​နွေပိ​တောက်​​တွေ.....
အကြို​ထောက်​ခဲ့​ပေမယ့်
ပြန်​​ရောက်​မလာ​တော့တဲ့..ချစ်​သူ​ရေ
#​နွေပိ​တောက်​​ကြွေ.....
သူ​, ရောက်​သင့်​ပါရဲ့​လေ..လို့
မျှော်​​ထောက်​ဆင့်​တိုင်း
ကျွန်​မ​လေ..ဥသြ​လေးကို ခိုင်းခဲ့ပါရဲ့.....
#​နွေပိ​တောက်​​ဝေ....
တစ်​​ယောက်​​ဆွေ​ရေ
ဝင်​​နှောက်​​နေတဲ့ အလွမ်းလှိုင်းက
ရင်​ခွင်​ရိုင်းကို မညှာတာ​တော့....
ကျွန်​မ​လေ..
#​နွေပိ​တောက်​ခိုင်းလို့...
မျက်​ရည်​ဝိုင်းရပြန်​​ပေါ့​....ချစ်​သူရယ်​။
ရွှေပန်းချီmdy
နွေ 6(၂၀၁၈)
ပန်းစင်္ကြာမှန်​​ပြောက်းထဲက..ပန်း
#ပန်းစင်္ကြာမှန်​​ပြောင်းထဲက...ပန်း
ချစ်​သူ​ရေ..
ချစ်​တဲ့လက်​​တွေတွဲပြီး....
ရင်​ဘတ်​ခြင်းညီတဲ့ သံ​ယောဇဉ်​လမ်းကို​လျှောက်​ဖို့ဆိုရင်​....
နှလုံးသားရဲ့ မှန်​ကန်​တဲ့ ဆုံးဖြတ်​ချက်​က အ​ရေးကြီးတာ​ပေါ့......
ပြောင်းလဲခြင်း​တွေ မ​ရောက်​လာ​သေးတဲ့
အခိုက်အတန့် ကြားမှာ....
ဆန္ဒတွေကိုယ်စီ ပိုင်ဆိုင်ဖူးခဲ့ကြ​ပေမယ့်...
နိယာမဆိုတာ.. ပန်းသီးတစ်​လုံး​လေထဲက
အလိုလိုကျလာတဲ့အရာမဟုတ်ပါဘူး....
ယုံကြည်မှုတစ်ခုနဲ့တော့ အကျွမ်းဝင် ကြည့်​ခဲ့ကြဘူးပါတယ်​လေ....
ဂန္ဓဝင်တွင်တဲ့ဒဏ္ဍာရီအဟောင်းတွေရဲ့ပြု
စားမှုကြောင့် ခံစားမှုမဲ့တဲ့ ရပ်ဝန်းမှာ
မာယာတိမ်​ညို​တွေ ပြိုကျ​နေခဲ့​ကြပေမယ့်​....
အနာဂတ်ကိုကြိုမမြင်နိုင်​အောင်
လှည့်​စားချက်​က....
ပန်းစင်္ကြာမှန်​​ပြောင်းထဲက ပန်းပွင်​ပုံများလိုပါပဲ..
အသွင်​သဏ္ဍန်​များ​နေတယ်​လို့​..
ထင်​ရပေမယ့်​....
တကယ်​​တော့..တစ်​ဘဝဆိုတာ
..........ပန်းတပွင့်​သာပါပဲ...ချစ်​သူရယ်
ရွှေပန်းချီ
ဒိုးပ​လေးရဲ့​နွေ (2018) ​နွေ ၅
#ဒိုးက​လေးရဲ့..​နွေ
==============
(က​လေးအ​တွေး..)
နွေလယ်​စပယ်​မြူး​ပေမယ့်
ဆောင်း​လေက ​ထွေကူး​တော့
မိစပယ်​လဲ ငုတ်​တုတ်​ဖူး​နေတယ်​.....
တ​ပေါင်းကတလည်
အ​ကြောင်းမငယ်​​တော့
ဆောင်းခလယ်​ကို​ရောက်​​နေသလိုပဲ...
တ​ပေါင်းရက်​စုံ ​ဆောင်းမကုန်​လို့
ည သန်း​ကောင်​ပုံ
စောင်​ ဖမ်းကာခြုံ​နေရတယ်​.....
န​ဘေ ​တေးထပ်​ ​ဖွေကာ​တေးစပ်​လို့
Hartထိ​အောင်​ချွဲ ​မိဥသြလဲ
ငိုပွဲမဆင်​ အသံဝင်​​နေတယ်​....
တစ်​နှစ်​တွင်​တလ ပွင့်​ခသည့်​ပန်း
စာတင်​ဆန်းသည့်
ဟို.ပိ​တောက်​ပန်းလည်း
ပူ​အေး ချမ်းများ ရာသီဖျားမှာ
ရွက်​ကြား ပုန်း​နေရ​လေတယ်​....
နွေပါဟဲ့..လို့
ဖြေပါတဲ့ပြီး အတင်းရွက်​ ခါ​​ ခြွေ
အမယ်​မင်း...သစ်​ပင်​အိုရယ်
အခုအခါမှာ အဝတ်​ရယ်​ ဗလာမို့
နွေတစ်​ညအလည်​မှာ ရွှေသည်းညှာ
ခိုက်​ခိုက်​တုန်​​လို့ရယ်
မင်း ချမ်း​စေအုန်း။....
က​လေးအ​တွေးဖို့ က​လေး​လေး​ရေးတာလို့မှတ်​ပြီး ဖတ်​​ပေး​နော်​.။
ရွှေပန်းချီmdy
Tuesday, March 20, 2018
ကိုယ့်​​ကြောင့်​..တဲ့လား
ချစ်​လို့ရယ်​တဲ့..မကုန်
#ချစ်​လို့ရယ်​တဲ့..မကုန်
မောင်​ကြီးက သာခင်
မယ်​တင်​က ကြိုက်​မိ​တော့
အကြင်​နာ ​ခေါင်​ခိုက်​လို့
စိုက်​စိုက်​ပါ​ရော့။...
လယ်​ရိုးက သံစာစာ
မလိုတမာ ​စောင်းခါချိတ်​​စေ​တော့
နွေကန္တာ ​ခြေဗလာတသိုက်​နဲ့
လိုက်​ရဲတယ်​​တော့။...
စပါးက​ ရွှေဝါဝါ
နေလာမှာ ယိမ်းကာနွဲ့​တော့
သည်​တစ်​ဝါထွက်​ ကြင်​ရာထားဖို့
အားစိုက်​မယ်​​နော့။....
သို့ကလို​ပေမယ့်​...
အသစ်​ကို တစ်​ချုံရှာ
တစ်​ရုံကွယ်​ တစ်​မယ်​မေ့ရင်
အထီးကျန်​ မျက်​ရည်​စငယ်​နဲ့
(ကျုပ်​) လွမ်းရမယ်​လေး။...
😁😁​ရွှေပန်းချီmdy
ပျော်​စရာ ည​နေခင်း​လေးဖြစ်​ပါ​စေ..​ရွှေအမျိုးတို့​ရေ
အရီး​လေး..မယ်​သင်​ရဲ့ ပုံပြင်
#အရီး​လေး မယ်​သင်​ရဲ့...ပုံပြင်​#
ပြောရမယ်​ပ..ကျုပ်​ ​မြေးမရယ်​....
"သားကိုသခင်​၊ လင်​ကိုဘုရား" မို့
အရိုးသားထဲ အသဲ စွဲထား
ကိုးစားခဲ့ရ ကျုပ်​က မယ်​သင်​...​လေ
"ပုဝါပါးကို ကြက်​သားထုပ်​၊ တစ်​ရွာသားကို
 ရည်းစားလုပ်​"မိ​တော့
ု "ဘုရားမှတ်​လို့ ကိုးကွယ်​၊ ဖွတ်​ထွက်​မှ
တောင်​ဘို့မှန်းသိ"
အတွင်းစိတ်​ထား "ခြံခုန်​​နေကျနွား"နဲ့ လင်​...
"သားဆိုတာ အား၊သမီးဆိုတာ ထီး"လို့
ရည်​စူးငြားလည်း  ​သောက်​စားတဲ့ သား
ပျော်​ပါးတဲ့ သမီး​ကြောင့်​..
"ငုံးဆူ လူမသိ" တဲ့ ကျုပ်​ ဘဝ...
"​တောင်းဆိုးပုလုံးဆိုး ပစ်​၊
သားဆိုးသမီးဆိုး ချစ်​" ပ..
"တစ်​လင်​မ​ကောင်း၊ တစ်​လင်​ပြောင်း"ရန်​...
အ​ကြောင်းရယ်​ မကြံအားပါ ဘု
"သည်​ပတ်​မနဲ့ သည်​လင်​ကွင်း ၊
မိုးလင်း​အောင်​ ခွင်း" ပါရ​စေ​တော့...
"အိမ်​​ထောင်​ဦး ဘုရားတည်​၊
ဆေးမှင်​ရည်​ စုတ်​ထိုး" သလိုပ
"တည်​မိတဲ့ဘုရား၊ လင်းဒနား" ​​စေ
သို့ကလို..ပေမယ့်
" သူများလင်​ သူများသား
ကျားကိုက်​လို့​သေ​သေ။
ပျိုတို့​မောင်​ ​ရွှေ​ရောင်​ရစ်
မင်းဖြစ်​ပါ​စေ။" ဆု​တောင်းရင်း....
အင်းးး....
ကျုပ်​က​လေ..​ရှေးထုံးကို *ပစားတဲ့..
မြန်​မာ မိန်းမသား..​တော့။ 😁😁
*ပ စားသည်​=လိုက်​နာသည်​။ဦးစား​ပေးအ​လေးထားသည်​။
ရွှေပန်းချီmdy
မူရင်းပုံပိုင်ရှင်​များအားခွင့်​ပြု​ပေးပါရန်​ နှင့်
မြန်​မာစကားပုံ အထားအသိုဝါကျ လွဲမှားပါက ​ရွှေရဲ့ ကဗျာစိတ်​ကူးအတိုင်းပုံ​ဖော်​မိပါသဖြင့်​ ခွင့်​လွှတ်​ဖို့ ​တောင်းခံပါတယ်​ရှင်​။ ကြည်​နူးပြုံး​ပျော်​ကြပါ​စေ။
နွေ ထံတျရှင်​ (2018)
#​နွေ..ထံတျာရှင်
ပုရစ်​အဖူး,,,,
နွေအကူးမှာ,,,,
လေရူး​ပျော်​၍ ​ဝေ့သ​လော...
ထံတျာ ​နှော​နှော,,,,
တမာ​တော,,,,
ဥသြ​ပျော်​၍ ကျူသ​လော...
ဝေး​တ​စ်​ပြေရွာ
အလှမ်းကွာမှ ၊
မေသည်းဆိုင်​ညှာ,,,
ရွှေ​ပေလွှာ,,,,
ပေးကာ​စေ၍ လွမ်းသ​လော......ရှင့်​။
ရွှေပန်းချီmdy
နွေ..၃(၂၀၁၈) ​နွေ​စေရာ..သို
#​နွေ..​စေရာ..သို့
နွေဦးဟာ..သူ့သစ်​ရွက်​​တွေ၊ပန်းပွင့်​​တွေနဲ့အတူ ကျွန်​မဆီကို​ရောက်​လာခဲ့တယ်​..​မောင်
မနက်​ခင်း ​နေခြည်​မ​ရောက်​​သေးခင်​မှာပဲ ဟိုး..အ​ဝေးက လက်​ပံပွင့်​​တွေ စီးချင်းထိုး​နေကြတယ်​.......
လေပြန်​​တွေ​ဆော့မြူးလို့ ချာလည်​စွာမူး​နေတဲ့ သစ်​ရွက်​​လေး​တွေက အရိပ်​​တွေနဲ့ ​ဆော့ကစား​နေကြတယ်​...
ကျွန်​မ မျက်​ဝန်းအစုံမှာ​တော့..​နွေကခန်းကို ဘယ်​ဖက်​ရင်​အုံထဲက ရသတစ်​ခု​ကြောင့်
အပူ​ငွေ့​ငွေ့​တော့ သန်း​နေ​လေရဲ့...​မောင်
"အဆုံးမဲ့ ​နေ့ရက်​​တွေထိ ချစ်​ကြမယ်​​နော်"​..တဲ့။
မေတ္တာစမ်း​ရေ​တွေ ခမ်း​ခြောက်​​နေတဲ့ ...
ကျွန်​မဘဝ ကမ်း​ခြေတ​လျှောက်​ အလွမ်းပွင့်​​တွေ ​ကောက်​​နေဆဲပါ​လေ...
နှောင်​ကြိုးမဲ့တဲ့ ချမ်း​မြေ့မှုမျိုးနဲ့ စိတ်​တံခါးကို ထ,ဖွင့်​ကြည့်​လိုက်​ပါ..​မောင်
သည်​တစ်​နွေတစ်​ရာသီက​တော့ ​ပြောပြ​နေပါလိမ့်​မယ်​​လေ....
နွေအပူက ရင်​ကိုဆူ​စေလဲ...
ဘဝရဲ့ မ​နေမနား ​တောင်းဆိုမှု​တွေ​ကြောင့်​ လိုအပ်​ချက်​​တွေက ​တောင်​ပံခတ်​ဆဲမို့..
မောင်​..​ရေ
ဒါ​တွေကို မင်းကလွဲလို့ ဘယ်​သူများ..ကြားသိနိုင်​မှာလဲကွယ်​။
ရွှေပန်းချီmdy
နွေ..၃(၂၀၁၈)
pls...​ရွှေအမျိုးတို့​ရေ ဒီကဗျာ​လေး နဲ့ နှုတ်
ဆက်​ပါတယ်​ရှင့်​။
မနက်​ဖြန်​တ​ပေါင်းလပြည့်​​နေ့ကစလို့ ဆယ်​ရက်​​လောက်​​တော့ လိုင်းနားပါအုန်းမယ်​​နော်​...​အေးချမ်းကြပါ​စေရှင်
နွေ(၂၀၁၈)၄....သတိရခြင်းပန်းပွင့်​များ
#​နွေ​လောင်းရိပ်​​အောက်​က
သတိရခြင်းပန်းပွင့်​များ....
တမ်းတမိလျှင်
နွမ်းလျချိ​ပေါ့ သည်​ရင်​ခွင်​..
လွမ်းသမျှဖြစ်​အင်
မှန်းဆသိ​ပေါ့ ကြင်​သူသခင်​...
နှုတ်​​ယောင်​ရယ်​ သံ ဟ
ပြောမပြဖြစိတဲ့ .....စကားတစ်​မျိုး
ရင်​ခွင်​မှာပျိုးလို့ ...သ​န္ဓေတည်
အ​ခြေမညီတဲ့.... ဘဝနှစ်​ခု
ပေါင်းစုဖို့ ...အချိန်​​နှောင်းခဲ့
လောင်းရိပ်​မိတဲ့ ...နှစ်​လုံးသား
စည်းတစ်​ဖက်​ခြားမှ..
သတိရခြင်းပန်းပွင့်​များ ​ကြွေကျသွားသတဲ့...​မောင်​။
ရွှေပန်းချီmdy
နွေ..၄(၂၀၁၈)
Sunday, March 4, 2018
နွေခ အလွမ်း (2018)
#​နွေခ..အလွမ်း
ချစ်​သူ..
ဥသြတွန်​လို့ ​နွေ​ဦးရောက်​တာလား
နွေဦး​ရောက်​လို့ ဥသြ ငိုရတာလား
သေချာတာက​တော့..
ငါ့ ရင်​အုံတစ်​ခုလုံး ကံ​ကော်​ဖုံးတဲ့
နွေဦး ကို​ရောက်​ခဲ့တာပါပဲ။
ဘယ်​သူမှ ဖန်​ဆင်းခဲ့တာမဟုတ်​ပါဘူး..
ကိုယ်​တိုင်​ ပြုစားကျိန်​ဆိုခဲ့တဲ့
အချစ်​ရဲ့ ပန်းချီကားတချပ်​ကို
ဆေးမခြယ်​ရဲတဲ့ ငါ
မင်းမသိ​တော့အခါမှ
ဒူး​ထောက်​မိခဲ့တယ်​...
ဘာပဲဖြစ်​ဖြစ်​ပါ...ချစ်​သူ
နွေဦး​ရောက်​လို့ ဥသြတွန်​တာလားဆိုရင်​​တော့..
တိတ်​တဆိတ်​ ​ခေါင်းငြိမ့်​​နေလိုက်​မယ်​..
ကံ​ကော်​..သခင်​ရယ်​။
ရွှေပန်းချီmdy
ps.. ​မော်​ဒယ်​ ညီမ​လေးကို ​ကျေးဇူးပါလို့😁😁
Monday, February 19, 2018
နှလုံးသားကို ​ချော့တဲ့​တေး
#နှလုံးသားကို ​ချော့တဲ့​တေး
 တိမ်​ပလီ​တွေ ကင်းစင်​​နေတဲ့
ကောင်းကင်ကြီးပြာကို မြင်လိုက်​ရတယ်
ကျေးဇူးပါ တစ်​ခဏ​ပေမယ့်​...
ကောင်းကင်ကြီးကတော့
အပြာ​ရောင်​ပြုံးနေဆဲမို့ ---
       လေပြေလေညှင်း​လေး ​ပြေးလာအချိန်​ သင်းပျံ့ တဲ့ ရနံ့တချို့ ရလိုက်တယ်
ကျေဇူးပါ...
တစ်​ခဏပေမယ့်
ပန်းကလေးတွေ
ကတော့
ပွင့်နေကြဆဲမို့ ---
          ဆူညံသံတွေ တိတ်ဆိတ်တဲ့ အခိုက်
ကျေဇူးပါ ...တစ်​ခဏ​ပေမယ့်​ ညငှက်​က
လေး​တွေလည်း
တေးဆိုမြဲမို့ ---
 အတိတ်​၊ ပစ္စုပ္ပန်​...ဝမ်းနည်း၊​ပျော်​ရွှင်
ရယ်​​မော၊ငို​ကြွေး...အနိုင်​၊အရှုံး
တဒင်္ဂ နဲ့ ထာဝရ....ကန္တာရ နဲ့ အို​အေစစ်
နိဒါန်း နဲ့ နိဂုံး...​ဖြောင့်​မတ်​ နဲ့ ​ကွေ့​ကောက်
အ​ရှေ့ နဲ့ အ​နောက်​...စစ်​ နဲ့ ငြိမ်းချမ်း​ရေး
အဓိက နဲ့ သာမည...လှုပ်​ရှား နဲ့ ငြိမ်​သက်
ရန်​သူ နဲ့ မိတ်​​ဆွေ...​လောကီ နဲ့ လောကုတ္တရာ
မွေးဖွားခြင်း နဲ့ ​သေဆုံးခြင်း...
အချစ်​ နဲ့ အမုန်း
နောက်​ပြီး.... ​မောင်​ နဲ့ ကျွန်​မ
ဆန့်​ကျင်​ဖက်​​တွေ ဖြီးလိမ်းထားတဲ့ ဘဝထဲ
နှလုံးသားက တမ်းတခြင်းတွေကို သင်​ယူခဲ့ရတယ်...
မ​ကျေနပ်​ခြင်းရှိမ​နေပဲ ​ကျေနပ်ဆဲပေါ့...
တစ်​ခဏ​ပေမယ့်​...နှလုံးသားကို ​ချော့သိပ်​လိုက်​တယ်​..
"အိပ်​​တော့​နော်​".....။
ညီမ​လေး..သို့
Happy Birthday ပါ ဇာမဏီ (ကြယ်​က​လေး)😁😁
#​ရွှေညီမ​လေး...သို့
စွယ်​​တော်​ပမာ​တွေးလို့
ညီမ​လေးလို ချစိတတ်​သူ..။
ဖြူစင်​ကာ​မွှေးလို့
စပယ်​​လေးလို အပြစ်​ကင်းသူ..။
တစ်​​မြေတစ်​​နေရာခြား​ပေမဲ့
ဝေးသ​ဘောရှိ မသိပါဘူး
တိုးကာပင်​ ချစ်​တတ်​သူ
ပြစ်​မဲ့မူပိုင်​ပဲ။
ထွေးချစ်​သူအလိုကျ
ရွှေအမ ဖြည့်​ဆီးကာရယ်
မွေးရက်​မှီ စာသတင်
ယ​နေ့မှသည်​ နှစ်​များစွာစီ ခရီးနှင်
(​အော်​ကွယ်​...ညီမ​လေးရယ်​)
မခွဲအစဉ်​မြဲ။
ရွှေပန်းချီ (mdy)
ရေတပွက်​မျှသာ
#​ရေတစ်​ပွက်​မျှသာ...
တွေဆုံကြ တစ်​ခဏသာ
စိတ်.​ခန္ဓာ တည်​ခြင်းရယ်​မှ...
ရေပွက်​အလား အချက်​မှန်​ရယ်
အသက်​ဆိုတာ ငါပိုင်​မဟုတ်
ယိမ်းယိုင်​နာမ်​ရုပ်​ သမုတ်​​ခေါ်တွင်
ခြေတလှမ်းပင်​ တွက်​ဆမရ....
သတ္တ​လောက။
သတိတရား မစွဲထားလျှင်
အချင်းချင်းတွင်​ သီလမကြား
သူအားငါကြံ ငါ့သူကြံဖြင့်
အခါခါဆီ အဖန်​ဖန်​လီလီ
သံသရာရဟတ်
အဆုံးမသတ်​နိုင်​ အရှုံးဆိုင်​ကာရယ်
တကယ်​တမ်းသွားကြတာက
အပ္ပါယ်​​လေးလမ်း.....။
ရခဲကြုံရ ဒုလ္လဘမို့
ဆုံကြတခွင်​ ​နေမညိုခင်
ငါ့ကိုယ်​ခန္ဓာ ငါစွမ်းရာဖြင့်
အတ္တပိတ်​ဖုန်း စိတ်​နှလုံးကို
ချုပ်​ငြိမ်းဗုဒ္ဓ ​ဟောညွှန်​သသည့်
ဓမ္မသစ္စာ ​ဒေသနာနှင့်
နတ်​ရွာမဂ်​လမ်း နိဗ္ဗာန်​နန်းသို့
ရောက်​လှမ်းဖို့ရာ ​ဆွေသဟာရယ်
အော်​ကွယ်​...မြန်းစို့စခန်း။
ရွှေပန်းချီ(mdy)
ရွှေမန်းမြို့ရဲ့ မင်္ဂလာ​မော်​ကွန်း
#​ရွှေမန်းမြို့က..
မင်္ဂလာ​မော်​ကွန်း တင်​ပါသည်​.......
ထောပဏာ ပြန်​လှန်​စရာအဆက်​က
မ​နောအလှ ဖန်​တရာထပ်​​လေခဲ့
ပြောစရာ့ အမှန်​ပါတစ်​ရပ်​ဖြင့်
"မန်းမန္တလာ" ဘက်​ဆီမှ
ချမ်းမြရာ အတိတ်​ဆင်​....
အောင်​​မြေရာတွင်​။
"ဗုဒ္ဓသာသနာ" ​ရောင်​​ရွှေဝါ
အဖန်​ဖန်​ခါ လင်း​စေဖို့အ​တွေး
ချစ်​ကြည်​​ရေးနဲ့ ပူး​မြှောက်​ရာ
ထိုင်းမြန်​မာ ပြည်​သာရွှင်​ပါ့
သံဃာရတနာ ရှင်​အ​ပေါင်းနှစ်​​သောင်းဖြာနဲ့...
သဒ္ဒါကမ်းပါးပြို လှူပုံဆန်းဆင်​....
မြင်​စမ်းပါ့ ရှင်​။
တေဇာတန်​ခိုး လန်းကြွယ်​ဖြိုးပ
ဘုန်းမျိုးဂုဏ်​ဝင့်​ ​ရွှေကြာတင့်​သို့
"ကျိုင်းနှင့်​သိုင်းနှင့်​ ​ရွှေထီးဖွင့်​"...
တိုသာသနာ တို့ဘာသာထွန်း
ရောင်​ဝါ​တောက်​ရွှန်း ဤ​မြေကျွန်းဝယ်
"ဆွမ်းနှင့်​ကွမ်းနှင့်​ ဆီမီးနှင့်​"....
ကြည်​ညှိဖွယ်​ခင်း မင်္ဂလာကျင်းရယ်
ကောင်းခြင်းပြည့်​စုံ မြတ်​​သောဂုဏ်​တို့
အာရုံစိတ်​တွင်​ ပြန်​​ပြောင်းမြင်​ရာ
အရှင်​ ဒါယကာ နှစ်​ဖြာတို့၏
သာသနာ​ရေး ပြန့်​ပွားညီသည်​...
ပီတီစိမ့်​မျှ လှသည်​တကား။
ရွှေပန်းချီ(mdy)
မသိတာလည်း မဟုတ်​တာ​လေ
#မသိတာလည်း..မဟုတ်
ဘဝအတွက်​ အဓိပ္ပာယ်​ တစ်​ချို့...
နှလုံးသားအတွက်​ အချစ်​တစ်​ချို့....
ဥ​ပေက္ခာအတွက်​ မာနတစ်​ချို့....
ရှင်​သန်​မှုအတွက်​ ​ဖြေဆည်​ရာတစ်​ချို့...
တစ်​ချို့...တစ်​ချို့..ကို ပါးပါး​လေး..
လှီးထုတ်​ ခဲ့ရတယ်​...
တစ်​ခါတစ်​​လေ မျက်​နှာမှာရယ်​​ပေမယ့်
ရင်​ဘတ်​အိမ်​မှာ အဆိတ်​မိသား​ကောင်​လို
တဆစ်​ဆစ်​နဲ့ ဒဏ်​ရာအနာတရက ​ကြေမွ​နေတယ်​....
အင်း​...ပေါ့​လေ
ဘဝတစ်​ခုကို မီးညှိမိမှ​တော့
တတိတိ လှိုက်​စားအရည်​​ပျော်​သွားမှာပါပဲ​လေ..
မသိတာလည်း...မဟုတ်​တာ​လေ။
ရွှေပန်းချီ(mdy)
Wednesday, January 17, 2018
ပန်းမွန့်​မာလာ
#ပန်းမွန့်​မာလာ..
ခင်​၍မဟူ.....
ဤဇဗ္ဗူဝယ်​ တရား​ရေစင်​ အစဉ်​သိ​ပေမယ့်
လောကကို ခင်​တွယ်​မိသူဖြင့်
အသိဥာဏ်​ကူ အတူပွားပါလို့
ဝတ်​တွား ဆုတင်
ယဉ်​ပါ​ပေ့ နွယ်​​လေး....
ထင်​၍မယူ...
ကျော့​ကျော့ငယ်​ သ​ရေကြွားပါဘိ
ချမ်း​မြေ့သူ ​ငွေလမင်းရယ်​က
သဲ့သဲ့ရယ်​ သံသာကျူးတဲ့အခါ
အိပ်​စက်​ရာ ညကမ္ဘာထိ၊လာညှိ၍ ခုံမင်​မင်
ဘဝင်​တွင်​ စိတ်​​ပြေး။
ယှဉ်​၍မိသူ...
ခင်​ပျိုနွယ်​ ဆံစထက်​က လျှပ်​လျှပ်​ကယ်
ဖြူဖြူဝင်းပါတဲ့
ငွေနှင်းရည်​ စံပယ်​အုရယ်​က
နုနုနယ်​ ပါးအိုက​လေးနဲ့
လှ​သွေးကို ယှဉ်​ကာလုပြန်​​တော့
ကညာဂုဏ်​ ကြည်​ကြည်​ဝင်းလို့ရယ်
နွဲ့ချင်​ရဲ့​လေး။
((​မေတ္တာညွန့်​ညွန့်​၊ဖြိုးဖြိုးကွန့်​သည်
ပန်းမွန့်​မာလာ သို့နှယ်​တကား။
.....ဆရာကြီး မင်းသုဝဏ်​၏ ပွင့်​​တော့ပွင့်​ပြီ...ကဗျာထဲမှ #ပန်းမွန့်​မာလာ စကားလုံး​လေးအား နှစ်​သက်​မိပါသဖြင့်​ ကဗျာ​ခေါင်းစဉ်​အဖြစ်​ ယူသုံးမိပါသည်​။)
ရွှေပန်းချီ(mdy)
လေး ​မောင့်​...ပုလဲ
#​လေး​မောင့်​...ပုလဲ
ဆံရစ်​ဝိုင်း​လေး အလှခင်​​သွေးရယ်
တင့်​ လှ​ပေတယ်​။
မြန်​မာဆန်​မယ်​ ၊ မူဟန်​ငယ်​​သွေး။
ကမ္ဘာ့ ဝင့်​ထယ်​လို့
ငွေပုလဲသွယ်​၊ ​ရွှေရုပ်​ဆင်းရယ်
ခင်းသာတယ်​​လေး။
ရွှေပန်းချီ(mdy)
ငြိမ်​သက်​မှုဧရိယာ
#ငြိမ်​သက်​မှု ဧရိယာ
ဒိုင်​ယာရီ ဆိုတာသာမရှိခဲ့ရင်
အတိတ်​ကဆိုတာ ပြဇတ်​တပုဒ်​ကြည့်​ခဲ့ရသလို မျက်​စိမှိတ်​လို့ ငြင်းချင်​တယ်
ဘဝတခုရဲ့​လောကဓံကြား ဒုက္ခရထားကို တက်​မိချင်​လဲတက်​မိမယ်
ရသတခါးကိုလဲဖွင့်​ချင်​ဖွင့်​မိမယ်
သေချာတာက​တော့ မုသားမပါတဲ့မာယာကို ​ရေလိုသုံး
အ​မှောင်​ဖုံးလို့ အရှက်​​ဖြေခဲ့တယ်​....
ဒါ​ပေမယ့်​...ချစ်​သူရယ်
စေတနာကို အချိန်​အခါမဲ့မိုးအဖြစ်​ နင်​ယူဆလို့မဖြစ်​ရင်​ အက်​စစ်​ပါလဲ ကြည်​ဖြူနိုင်​မှာပါပဲ​လေ...
အင်း​ပေါ့​လေ...
ဥ​ပေက္ခာရဲ့အ​ဖော်​ပြုမှု​တွေနဲ့ နင်​ရှိ​နေသ၍
ငါ့ရဲ့ပစ္စပ္ပန်​က​တော့ ​ရေငုံနှုတ်​ပိတ်​ရင်း
ကျန်​ရစ်​တဲ့ အတိတ်​က သစ္စာအိမ်​​လေးထဲမှာ
မေတ္တာမီးအိမ်​​လေး ငြိမ်​သက်​စွာရှိ​နေ​လေရဲ့...ချစ်​သူ​ရေ။
မိုးကျွံ့သည့်​​ဆောင်း
#မှုန်​ဝတ်​ရည်​..နှင်းရည်​ဆမ်းငယ်​နှင့်
.......မိုးကျွ့ံသည့်​​ဆောင်း....
ဆောင်းစဲဂိမာန်​ ၊ ရာသီပြန်​​သော်
မြူထန်​မ​ဝေ့ ၊ သက်​လျှင်​​ကြွေ့သို့
မို့​စွေ့ရီ​ရော်​ ၊ မင်းလွင်​​ဆော်​လည်း
ရွှေရည်​မြဆင်​၊ နန်းထက်​တင်​က
မကွက်​​မေတ္တာ၊ ကြည်​သာနှလုံး
မဆုံးသံသာ ၊ ချစ်​မိုးရွာသည်
ရာသီသစ်​ဆီ မညည်းဝံ့ပြီ။
ဖြေခက်​​စေရာ ၊ သခင့်​မှာသို့
လွမ်းရာရွှင်​ဖွယ်​၊ ​ကြောင်းနှစ်​သွယ်​ကို
အဘယ်​ကိုပန်​ ၊ ဘယ်​ကိုချန်​၍
ပန်​သင့်​လိမ့်​မည်​၊ ကြံဆစည်​လည်း
ဝေ့လည်​လွင့်​လူး၊ မယ့်​စိတ်​ကူးသည်
အဘယ်​ရှိအံ့ ​လေလိမ့်​မည်​။
ချိန်​ခါရတု၊ မိုးဥနှင်း​ဖောက်
သွန်း​ဝေ့မှိုင်းရီ၊ ​လေရူးချီ​သော်
ဆောင်​ယူစိမ့်​ချမ်း၊ ရင်​ပူလျှမ်းမို့
သုံးလူဘလျှင်​၊ ဒုက္ခာအ​ပေါင်း
ငြိမ်း​စေ​ကြောင်းကို၊ ညွှတ်​​ပြောင်းဝပ်​တွား
ပန်​​လျှောက်​ကြားသည်
ဘယာ​ဘေး​တွေ ​ဝေးမည့်​ဆီ ။
ရွှေပန်းချီ(mdy)
အ​မေ​နေ့ ကဗျာ
#ခွင့်​ပြုပါ...အ​မေ
တစ်​ဘဝထက်​ သံသရာဆက်​ဆက်
အားကိုးလွမ်းမက်
အ​မေ့လက်​ကို ဆွဲခွင့်​ပြုပါ......
#ခွင့်​ပြုပါ.....အ​မေ
ပင်​လယ်​​လေးစင်း ရေဝဋ္ဌာရင်းရှိ
များပြားထက်​​နွေး အ​မေ့နို့ချို​မွှေးကို
သောက်​သုံးခွင့်​ပြုပါ.........
#ခွင့်​ပြုပါ....အ​မေ
ကောင်းကင်​ထက်​လင်း ​ငွေလမင်းထက်
ပိုပြည့်​ဝါဝါ ​မေ့မျက်​နှာကို
အမြဲလွမ်းဆွတ်​ ဦးလည်​ညွှတ်​ဖို့
ကြင်​နာအပြုံးနဲ့ ခွင့်​ပြုပါ.....အ​မေ
#ခွင့်​လွှတ်​ပါ...
အ​မေ့​မေတ္တာ မြင်းမိုရ်​ပါဟု
အခါအခါတု၍ စာ​ပေသ​င်္ကေတ
ညွှန်းဆိုပြလည်း အနှိုင်းမဲ့စွာ
ညီကာမမှီ ​ရွှေ့ဖွဲ့သီထား
ဤကဗျာအား
ချစ်​​သော​မေ​မေ ....
နားလည်​ခွင့်​လွှတ်​​ပေးပါ...ရှင်​။
ရွှေပန်းချီ(mdy)
ပန်းယဉ်​မယ်​​လေး
#ပန်းယဉ်​မယ်​​လေး
ပန်းစုံကို ​ထွေ​ထွေကုံးလို့
မှုန်း​လေ​ပေါ့ ပျိုကညာ
လှရက်​​လေရှာ။
ဆံ​ကေသာ ၊ဆင်​ရာမှာ ထူး။
ကိုယ်​အဆင်း အသွင်​ပြင်​က
မယ်​ယဉ်​ငယ်​ ဟန်​တနှုံးကွယ်
ထုံး​နှောင်​ဖွဲ့ မှုး။
ရွှေပန်းချီ(mdy)
ကျမ..ပြုံးတတ်​ပါတယ်​..​မောင်
 ကျမ..ပြုံးတတ်​ပါတယ်​ ​မောင်
ထာဝရလက်​တွဲမယ်​လို့ ရည်​စူးပြီး ချစ်​ဖူးတဲ့ ကျမကို အပြစ်​ထူး​တွေပြပြီး
ချန်​ထားရစ်​​တော့ ကာရံမဲ့သွားခဲ့ကဗျာတပုဒ်​လို အရသာချိုဆိုတာ ​ဝေးသွားခဲ့ရတယ်​​....
မျိုသိပ်​ခြင်းဆိုတဲ့ ​ဝေါဟာရတစ်​ခု​အောက်​မှာ
အလွမ်း​က နှင်း​တွေလိုဖွေး​ဖွေးလှုပ်​​ပေမယ့်
ဖြစ်​ချင်​တာထက်​ ဖြစ်​သင့်​တာဦးစား​ပေးရင်း နှုတ်​ခမ်းပါးက ဓားသွား​အောက်​ ကျမ ဒူး​ထောက်​ထားခဲ့ရပါတယ်​....
နှလုံးသားက ရိုးစင်းစွာ ပွင့်​ခဲ့တဲ့ ပန်းဖြူဖြူ​လေးနဲ့ ချစ်​မိသူထံ ဦးညွှတ်​ကြည်​နူးမိခိုက်
ဟိုး...တိမ်​တိုက်​​တွေ​နောက်​က ​က​ဝေလမင်းမာယာအလင်း​တွေနဲ့ဖမ်းစား...
ကျမအချစ်​​တွေလား...နာဖျား ခဲ့ရတာ​ပေါ့.......
အခု​တော့လည်း.....
အတ္တ​တွေ စီးချင်းထိုးပွဲမှာ အနိုင်​အရှုံးအတွက်​ အသင့်​ပြင်​ထား
အဆိပ်​မိသွားတဲ့သား​ကောင်​လို
သောကခါးခါး​တွေကိုသိမ်း
မျက်​လုံးစိမ်းစိမ်းကိုတတ်
ခတ်​မျက်​မျက်​က​လေးတော့
ကျမပြုံးပြတတ်​​နေပီ ....​......မောင်​။
ရွှေပန်းချီ (mdy)
311220171205
အပျိုကြီး..​မွေး​နေ့
ရွှေပန်းချီအတွက်​ ​မွေး​နေ့လက်​​ဆောင်​..
အ​မျှော်​စိုက်​ မမည်​တယ်
တော်​မထိုက်​လို့
သခင်​ပစ်​ပယ်​ ဒီဘဝရယ်​နဲ့
ကျန်​ရစ်​မယ်​ ​ခေါ်ခံခဲ့ရ
ကျမရဲ့ဘဝ။
တကိုယ်​ထည်း​ပေမို့
ထုကြီးထုထည်​ ​ခေါင်း​လောင်းရယ်​သို့
ဘယ်​လိုပုံ ဘယ်​​လောကဓံထုလည်း
မြည်​ဟီးပုံ အသံမကျယ်​​ပေမယ့်
နာချက်​ကို ဟန်​​ဆောင်​မှိတ်​ပါလို့
သူနည်းနှင်​နှင်​ပဲ။(ခတ်​တည်​တည်​ပဲ)။
ရွှေပန်းချီ(mdy)
မ​တောင့်​တ​သော...နှလုံးသားများ
ရွှေအ​နေနဲ့ အခုမှဒီပုံ​လေးကို​တွေ့လို့ ​ရေးဖြစ်​သွားတာပါ။ ဘုရားကြီးသွားတိုင်း  ပြတိုက်​အဆင်း ​ခေါင်း​လောင်းတိုင်​တန်းနားက အဖွား​တွေမြင်​တိုင်း ​ရေးမယ်​လို့ ရည်​ရွယ်​​ခဲ့တာ ကြာပါပီ။ ပုံကိုလဲ မရိုက်​ရက်​တာရယ်​ပိုက်​ဆံလှူရင်း စကား​ပြောမိ​တော့..သားသမီး ​ခင်​ပွန်းနဲ့​ဆွေမျိုး​​မောင်​နှမတွေအ​ပေါ်မှာအပြစ်​ရယ်​လို့ တခွန်းမှ မဆိုတတ်​ကြပဲ ကံတရားကိုသာ ပုံချတတ်​​သောအ အ​မေအရွယ်​ ၊အဖွားအရွယ်​​တွေကို
မြင်​သိရ​တော့ စိတ်​မ​ကောင်းရပါတယ်​။
ကွယ်​လွန်​ခဲ့တဲ့ ​မေ​မေကိုလဲ သတိရသလို ဇရာဆိုတဲ့​နေကွယ်​ချိန်​မှာ မသိမမြင်​နိုင်​တဲ့​လောကဓံ ကို​တွေးမြင်​ရင်​ သတိသံ​ဝေဂလဲ ရမိပါတယ်​။
ရွှေတို့​မေ​မေကို​တော့ ​ရွှေကခွန်​အားရှိသ​လောက်​ပြုစုလုပ်​​ကျွေးခဲ့ပါတယ်​။ ဤမှန်​​သောသစ္စာ​ကြောင့်​ ​ရွှေဘဝ ဇရာ ဗျာတိ မရဏအချိန်​​တွေကို ​အေးငြိမ်းစွာဖြတ်​သန်း ပါရ​စေလို ဆု​တောင်းလျက်​ပါ။
ရွှေအမျိုးတို့လဲ သက်​ရှိဘုရားဖြစ်​တဲ့မိခင်​များကို မြတ်​နိုးတန်​ဖိုးထား ချစ်​ခင်​နိုင်​ပါ​စေလို့...​နော်
#မ​တောင့်​တ​သော..​...
မေတ္တာနှလုံးသားပိုင်​ရှင်
တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
အပြစ်​မတင်​တတ်​တဲ့ နှလုံးသား
အ​မေ့မှာ ကံတရားက မှားပြီး​တောင်​ မ​ပေးခဲ့ပါဘူး...
တကယ်​​တော့ အ​မေ့က​လေးတို့ရယ်​..
သံသရာဝဋ်​​ကြွေး ဘယ်​လိုပင်​​ပေးဆပ်​​နေရလဲ...တခါတ​လေမြင်​ကွင်​​လေး​ကြောင့်
ရေး​ရေးမျှ အပြစ်​မတင်​​ပေမယ့်
တွေး​တွေးပြီး​တော့ မျက်​ရည်​ဝဲတာ​ပေါ့ကွယ်​...
တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
တ​နေ့သုံးခါတိုင်​..​သေမင်​နဲ့ရင်​ဆိုင်​ကြရတဲ့ ​မွေးကိုယ်​ဝန်​လွယ်​တုန်းကလဲ..
ဘယ်​အမှုရယ်​မထား ​ကြောက်​အား​တွေလုံးလုံးမရှိခဲ့​ပေမယ့်​...
အခုချိန်​ အရွယ်​ဟိုင်း..​သေမယ်​လို့ကြံတိုင်း
အ​မေ့ရင်​မှာမချိ..ဘယ်​​နေ့အထိ ဘယ်​လို​နေ ဘယ်​​နေရာ..ဘယ်​လို​သေရပါ့လို့..
အ​တွေးကပူ..အ​မေ့ရင်​မယ်​ဆူမိတယ်​​လေ..
တကယ်​​တော့...အ​မေ့က​လေးတို့ရယ်
မွေး​မေတို့​မေတ္တာလက်​ကအ​ပေးရယ်​သက်​သက်​မို့..
အဆန်​​ရေကို မ​မျှော်​လင့်​.. အကျိုးခံစားခွင့်​မယူ​ပေမယ့်​...
"လူအိုရင်​​တောင်​ ဒုတ်​​ထောက်"အကူရယူကြသလို...
ကျေးဇူးသိ လက်​က​လေးတဖက်​..မ​မျှော်​လင့်​တဝက်
မျှော်​လင့်​တဝက်​နဲ့...ကူ​လေမလား..အိမ်​မက်​လိုဝိုးတဝါးပါကွယ်​...
တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
အ​မေတိုးတိုး ​နေ့စဉ်​ဘုရားရှစ်​ခိုးပြီးတိုင်း
မေတ္တာ​ဝေ...
အ​မေ့ဘဝ ဘယ်​လို​နေရ..​နေရပါလဲ
အ​မေ့က​လေး​တွေ ​အေးချမ်းပါ​စေ
ငြိမ်း​အေးကြပါ​စေ ... ကွယ်​။
ရွှေပန်းချီ(mdy)
မူရင်းပုံပိုင်​ရှင်​..ခွင့်​ပြုပါရှင်​။
တီတာချိုနု..လွမ်းရတုရှင်
 #တီတာချိုနု......လွမ်းရတုရှင်
မွှေးကြူပျံ့လှိုင်​၊ ကြာပန်းခိုင်​၌
လှနိုင်​ မျက်​သွယ်​၊ မိမိငယ်လည်း
ဆင်းရွယ်​မျစ်​ပျို၊ ပွင့်​စစိုလျှင်
အေးချိုရနံ့ ကမ်းဆင့်​သည်​။....
လစန္ဒိမာ၊ ကြယ်​များသခင်
ပြညိ့ဝန်းရှင်​ကား၊ အာကာထက်​မှ
ရောင်​ဝါ​ဖွေး​ဖွေး၊ နှင်း​အေး​မြကို
ယု ယ ခုံမင်​ ​ထွေး​ပွေ့သည်​။...........
ခွန်း​ချွေပါဘိ၊ ချိုသည့်​သံစဉ်
လေတင်​ရာ​နှော၊နုညှက်​​ညော​ညော
ကြားသည့်​ဘဝင်​၊ငြိမ့်​ခိုဝင်​၍
တွယ်​ငြင်​ ကြည်​စိတ်​​ပေါ်​တော့သည်​။.......
လ​ရောင်​​အေး​အေး၊ပန်း​က​လေးရွှေကြာ
တေသံသာတို့၊​မေတ္တာလှိုင်​၍
အပြိုင်​သစ္စာ၊မြဲပါ​စေ​ကြောင်း
မေ ဆု​တောင်းသည်
ထပ်​​လောင်း​အေး​စေ လျှမ်းပါ​စေ.......ရှင့်​။
ရွှေပန်းချီ(mdy)
အလွမ်း​ငွေ့​ငွေ့...​ဆောင်း
ု#အလွမ်း​ငွေ့​ငွေ့...​ဆောင်း
ပိုင်​ရှင်​မဲ့ထားခဲ့တဲ့ မိုးစက်​​တွေရဲ့
ခြေလှမ်းမပီတပီ​တွေကို ငါစု​ဆောင်းရင်းနဲ့
ဆောင်းရာသီခြုံလွှာ​အောက်​ကို ဝင်​မိခဲ့ပြီ​လေ.......
ဖြစ်​ခွင့်​ရခဲ့မယိဆိုရင်​​ပေါ့...
တ​သွေ့​သွေ့ နှင်းမှုန်​​​လေးတွေက
ငါ့ရင်​ဘတ်​ထဲက အလွမ်း​ငွေ့ငွေ့​တွေသာ ဖြစ်​ပါလိမ့်​မယ်​ကွယ်​...
မဆုံစည်းခဲ့​လေတဲ့ တို့အဖြစ်​က
စိတ်​ညစ်​စရာ​တွေ များ​ပေမယ့်​....
ပုန်းကွယ်​နေတဲ့ ပန်းတိုင်​​တွေကို
အိမ်​မက်​ပိုင်​ခွင့်​ ရှိ​နေ​သေးသမျှ​တော့..
မျက်​ရည်​​သော့​သော့​လေး ကျရင်​လဲ ​ကျေနပ်​ပါတယ်​​လေ...
ဒီလိုနဲ့...​နေခြည်​ဖြာ ​မနက်​ခင်းမှာ
တမ်းတခြင်းရနံ့နဲ့အတူ ​မျှော်​လင့်​ခြင်း
အချိန်​​တွေ ​နှောင်းရင်း
အင်းးး....တ​ဆောင်းကသစ်​ပြန်​ပီ...ချစ်​သူ​ရေ။
ရွှေပန်းချီ(mdy)
ဘဝသခင်​ မင်းဆဒ္ဒန်​အရှင်
#သက်​ရင့်​​ကြွေထိ...​နေမချိချင်​ငဲ့
ဘဝသခင်​ မင်းဆဒ္ဒန်​အရှင်​ရယ်​.............
စိမ်းစိုသာ​မော၊ အင်​ကြင်း​တော၊
ကြာမျိုးငါးမြိုင်​ ၊ဆဒ္ဒန်​အိုင်​သာ
ကန်​သာယာနဲ့ ​တောမျိုးငါး​ထောင်​ 
တောင်​မျိုးငါးလီ အုပ်​စိုးပိုင်​သည့်
မဟာသုဘဒ္ဒါရဲ့ ဘဝသခင်​ မင်းဆဒ္ဒန်​အရှင်​ရယ်​.....
 ဘ​ဝေဘဝါကစ ပြုဘူးတဲ့​ရေစက်​၊ ထားဘူးတဲ့သစ္စာ ၊ကြင်​ဘူးတဲ့​မေတ္တာ​ကြောင့်​ တွယ်​တာရစ်​​နှောင်​၊ သား​မောင်​တမျိုး ၊အားကိုးချစ်​လင်​ ရင်​တွင်​စွဲကပ်​၊
အသက်​ထပ်​လို့ မြတ်​နိုးချစ်​ခင်​ရပါတယ်​ အ​မောင်​....
အားခွန်​ဗလပြည့်​စုံလှနှင့်​ ၊အဆင်းသဏ္ဍာန်​ကြီးမား၊ ဘုန်းကံများနှင့်​၊ ​ငွေသား​ဘော်​ခက်​၊ ဖြိုးဖြိုး ထွက်​သည့်​ စပယ်​ဖူးငုံ၊ စွယ်​​တော်​အစုံ​ကြောင့်​ လွန်​စွာတင့်​တယ်
စုံမက်​ဖွယ်​မို့၊မဟာသုဘဒ္ဒါ ရို​သေချစ်​ရပါ​သော ဆဒ္ဒန်​သခင်​ရယ်​...
ရံ​ရွေအ​ပေါင်းနဲ့၊ က​တော်​မယားနှစ်​ပါးအလယ်​အ​ပေါ်၊ မ​တော်​မတရား ၊ဘယ်​အခါမှ အလိုမထားခဲ့၊ ရှာဘူး..
အစားဦး ပန်း​ချွေ၊ မျှတစွာလည်း​ဝေပါရဲ့
ချစ်​တတ်​ခဲ့​သော ​မောင်​​မောင်​ရယ်​...
တစ်​ခု​သော ပြဿဒါးရက်​က၊ မငဲ့ကွက်​စွာ ရက်​စက်​မှုအဖြာဖြာကို၊သယ်​လာခဲ့​လေပီ​ကော​လေ...
ရေကန်​အိုင်​သာ၊ ကန်​သာယာသို့်​၊ဆင်​အ​ပေါင်းရံလျက်​၊ ​ရေသုံးသဘင်​ဆင်​ယင်​အလာ၊ လမ်းတခွာ​ရောက်​ ၊ဆူးကနဲ ​အော်​သံ ​၊မောင်​​တော်​ဟန်​​ကြောင့်​ ၊အသဲဆတ်​ကနဲတုန်​၊ အကျွန့်​ရင်​​တွေခုန်​လှချည်​ရဲ့.....
"အလိုဘုရား..ဘုရား"
သခင်​ဝမ်း​တော်​မှာ၊ မြှားတစ်​​ဖေါ်က၊ ထုတ်​ချင်း​ဖောက်​လို့ စူးကာဝင်​၊ မင်းဆဒ္ဒန်​အရှင်​ရယ်​က ​နေရာမှာဒူး​ထောက်​၊ ​ဝေဒနာကိုမ​ကြောက်​တဲ့မြင်​ကွင်း ၊အကျွန့်​အသက်​တွင်း​တောင်​ ကုန်​ချင်​ပါရဲ့......
ဖေးမကာ ​ဘေးကူဖို့ပြင်​၊ ​မောင်​သခင်​မိန့့်​စကား၊ မယ်​ဘဒ္ဒါနား ခါးလိုက်​ပါဘိ..
"မယ်​မင်း..ဘယ်​ဇာအ​ရေး ၊ရန်​သူကို ထွက်​မ​ပြေး​အောင်​၊ တစ်​ယူဇနာကွာ​ဝေးထိ လိုက်​လံမဖမ်း ​၊နေနိုင်​စွမ်းလှတယ်​..မိမိရယ်​" တဲ့...
 အဟိတ်​တိရိစ္ဆာန်​ဆို​စော်​ငြား ၊ပါရမီတပါး​ကြောင့်​ ၊ဥာဏ်​အမြင်​စူး ''ဘယ်​သင်းမြှားကမှ အ​ဝေးမလာဘူး..သ​ဘောက်​သားမြှား​စေသူ အနီးအပါး​အောက်​တဘူသာရှိမယ်​..ဟဲ့''လို့ ကြုံးဝါးစဉ်​...
 ဘဝသခင်​ ထပ်​ကာမိန့်​ "မဟာသုဘဒ္ဒါအလှ
ချစ်​နှမရယ်​ ၊ချဘူးတဲ့​ရေစက်​​ကြောင့်​၊ ​ပေါင်းဆုံခဲ့တဲ့ ဘဝတိုင်း ၊မယ်​မင်း​မေတ္တာအတိုင်းအဆမရှိခဲ့ပါဘူး..အခုများ​တော့ ချစ်​ထာပြယ်​ ၊ရန်​သူနယ်​ကို သွားရမှာ​ကြောက်​​နေသလား"...တဲ့
အသဲသူမှာ ကမ္ဘာမီးမြှိုက်​သလိုခံစား ၊​မောင်​တပါးစကားကပို၊ သခင့်​အလို​တော်​ပါလို့ ဦးတင်​ရင်း ဝတ်​ချ၊စိတ်​က​တော့မ​ဖြောင်​စွာ ၊​နောက်​လှည့်​အခါအခါနဲ့၊ မျက်​ရည်​မိုး ချိုးရင်းသာ အသာထွက်​လှမ်း၊ ရန်​သူ​တော်​ဖမ်းခဲ့ရပါ​ပေါ့..မင်းဆဒ္ဒန်​ရယ်​...
သခင်​​စေရာ၊ တစ်​ယူဇနာက လှည့်​အပြန်​မှာ​တော့....
"အို....အလို​လေး..."
မြင်​ရတဲ့မြင်​ကွင်း ၊ရင်​တလင်းကို မုန်​တိုင်​​မွှေ ၊မခိုင်​သည်း​ခြေ ပြတ်​ရချည်​ရဲ့...
သွေးအိုင်​အတွင်းဝယ်​၊ လဲကာခင်း၊ အစွယ်​တစင်း အရင်းကပြတ်​ပုံ..ဘယ်​အခင်းကို မသိနိုင်​၊ အကျွန့်​ရင်​တွင်းသာ၊ မြှားအစင်းစင်းခပါ​ပေါ့..​သောကမီး​တောက်​​လောင်
အ​မောင်​...အ​မောင်​ရှင်​ရယ်​...
အချစ်​ကြီးလှတဲ့ မယ်​သုဘဒ္ဒါ
ဘယ်​ဇာမျိုးနဲ့​ဖြေ၊ ချစ်​ဝဋ်​​ကြွေး​တွေ​ချေခဲ့​လေသလား..
ဖူးစုံလက်​တင်​သား၊ ဖဝါး​​တော်​ခြေရာထပ်​ အနား​သော်​မှ၊ တစိတ်​မကွာ အရိပ်​ပမာ​နေခဲ့သူအား ၊ ဘယ်​အရားများနဲ့၊စိတ်​​တော်​​ဖြေ၊ အသက်​ရင့်​သက်​​ကြွေ​အောင်​ ​နေရပါ့မလဲ...
သခင်​​ဖြေလှဲ့..​ဖြေလှဲ့ပါဦး
ဘဝသခင်​..မင်းဆဒ္ဒန်​အရှင်​ရယ်​.....
ရွှေပန်းချီ(mdy)
မြတ်​ဗုဒ္ဓဝင်​၏ မင်းဆဒ္ဒန်​ဇတ်​​တော်​မှမဟာသုဘဒ္ဒါဖက်​မှ ​ရေးဖွဲ့ခံစားထာပါသဖြင့်​ အမှားအယွင်းရှိပါက ​ရွှေ​လေ့လာမှုအားနည်းချက်​ပဲဖစ်​ပါတယ်​​နော်​။
ဘူတာရုံအမှတ်​ ၁၅၀၀
နောက်​ဆုံးထွက်​ခွာသွားတဲ့
ရထား​လေးကို အပြစ်​တင်​ဖို့ မရှိတဲ့ ဘူတာတစ်​ခုပါကွယ်​...
ခါးသက်​​နေတဲ့ ရင်​ဝှက်​ပန်း​တွေစုစည်း
ပန်းစည်းလက်​​ဆောင်​​တောင်​ မ​ပေးလိုက်​ရဘူး​နော်​...
မက်​​နေအုန်းမယ့်​ အိမ်​မက်​များစွာထဲမှာ
ကြယ်​​ကြွေတာမြင်​တိုင်း ငါဆု​တောင်း​နေမိအုန်းမှာပါပဲ....
ရက်​စက်​တဲ့စကားလှိုင်း​ကြောင့်​ ဖြတ်​ကနဲပြိုကျသွားတဲ့ ရင်​ခွင်​နန်း​တော်​အတွက်
တခမ်းတနား အသဲကွဲပြခွင့်​လည်း မရခဲ့ပါဘူး...
ရိုးသားတဲ့ ငါ့သိက္ခာတရားကိုမှ ​ငွေပုံသွန်း ​ရွှေယွန်းကလဒ်​မှာ ချိတ်​ထားတဲ့
ပန်းချီကားတချပ်​လို ယမကာတခွက်​နဲ့ကို အရသာခံကြည့်​မတဲ့လား
ထားလိုက်​ပါ​တော့​လေ....
ငါ့ရင်​ဘတ်​ထဲမှာ အခုထက်​ထိလည်း မယူဘဲရခဲ့တဲ့ ဒဏ်​ရာ​တွေက...
လှလှပပ ရှင်​သန်​ဆဲ...
လှလှပပ အဆိပ်​သင့်​ဆဲပါ.....​မောင်​။
မင်္ဂလာမနက်​ခင်း
#မင်္ဂလာရှိ​သော..မနက်​ခင်း
နေမင်းရယ် ​ထွက်​ချိန်​ခါ
လောကသာယာ။
တိမ်​အလွှာ ​ရောင်​ခြည်​ဖြန့်
ရှေ့ခွင်​ အနှံ့။ ။
လိပ်​ပြာက​လေး​တွေ အစီရီ
ပျံဝဲ ဟန်​ချီ။
ဟိုသည်​ဆီမှ ကူးလို့ပဲ
ပန်း​လေးရှက်​ဆဲ။ ။
ခေါင်းငြိမ့်​တတ်​တဲ့ ကိုအဝှါ
သစ်​ပင်​ထက်​မှာ။
ရှဉ့်​ညိုပြာ..အတူစုံတွဲ
ပြေး​ဆော့​နေမြဲ။ ။
ဆွမ်းတန်းထိတ်​က ဖိုးသူ​တော်
ကြေးစည်​ ထု​ကာအော်​။
ဒူ​ဝေ ဒူ​ဝေ အသံများ
သောင်းထိုက်​ကကြား။ ။
မယ်​​လေးချက်​တဲ့ ဆွမ်းဖြူဖြူ
သဒ္ဒါစိတ်​​လေးတူ။
သာသနာဝင်​ အနွယ်​များ
ဝမ်းငြိမ်း​စေသား။ ။
အေးချမ်းသာယာ သည်​မနက်​မှာ
ခွန်းဆင့်​သံသာ..သာ
မင်္ဂလာပါ..
ဆိုသည့်​စကား
နှလုံးသားမှာထား။ ။